စီးပွားရေး

ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီးနောက် တရုတ်-ထိုင်း လေကြောင်းလိုင်းအားလုံး ဘိုကင်ပြည့်

ဘန်ကောက်၊ အောက်တိုဘာ(၄) အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ တရုတ် ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ပေးလိုက်ပြီးတဲ့နောက်မှာ Thai Airways နိုင်ငံတကာလေကြောင်းလိုင်း အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ဘိုကင်ပြည့် လျှက်ရှိတယ်လို့ သိရပါတယ်။ Thai Airway လေကြောင်းလိုင်းရဲ့ အရာရှိချုပ်ဖြစ်တဲ့ ကိုရာကွတ် ချာတာဆင်ဂါက “တရုတ်ကို ပြေးဆွဲတဲ့ လမ်းကြောင်းတွေ များလာနေတာကို ကျွန်တော်တို့…

ထိုင်းမှာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ လေဆိပ်အသစ်တွေ ထပ်မံတည်ဆောက်မယ်

ဘန်ကောက်၊ အောက်တိုဘာ(၁) ထိုင်းနိုင်ငံဟာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့အတွက် ဖူးခက်နဲ့ဖန်ငါးတို့မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တွေ ထပ်မံတည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့ ဘန်ကောက်ပိုစ့် သတင်း စာမှာ ဖော်ပြပါတယ်။ ထိုင်းမီဒီယာရဲ့ ဖော်ပြချက်အရ ထိုင်းအစိုးရဟာ ကပ္ပလီပင်လယ်ပြင်ကမ်းရိုးတန်း တစ်လျှောက် မှာရှိတဲ့ ခရိုင် ဒေသန္တရတွေမှာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ အခြေခံအဆောက်အအုံ စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်တယ် လို့ သိရပါတယ်။ အဲဒီနေရာတွေက ဖူးခက်၊ ဖန်ငါးနဲ့…

နေထိုင်စရိတ်မြင့်တက်လာတဲ့ ပြည်သူတွေအတွက် မလေးအစိုးရကူညီမယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ(၁) မလေးရှားနိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အစိုးရက အကောင်းဆုံးလုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့ပါတယ်။ လူနေမှုကုန်ကျစရိတ်တွေ မြင့်တက်လာမှုဟာ လူတိုင်းရဲ့အခက်အခဲတွေအဖြစ် မစ္စတာအန်ဝါက အသိအမှတ် ပြုပြောဆိုခဲ့တာပါ။ “ပြဿနာရှိနေတာကို ကျွန်တော်ဝန်ခံတယ်။ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေတယ်” လို့ နှစ်ပတ်လည် အခမ်းအနား တစ်ခုကို…

နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေကြေးလိမ်လည်မှုကိစ္စ ထိုင်းနဲ့ကမ္ဘောဒီယား ဝန်ကြီးချုပ်တို့ ဆွေးနွေးဖို့ရှိ

ဘန်ကောက်၊ စက်တင်ဘာ(၃၀) ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် လည်ပတ်လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှု တွေ နဲ့ပတ်သက်ပြီး နိုင်ငံရဲ့ဝန်ကြီးချုပ်တွေ တွေ့ဆုံစဉ် ဆွေးနွေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ လိမ်လည်လှည့်ဖြားသူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်စေပြီး ထိုင်းလူထုအတွက် များစွာထိခိုက်နစ်နာ စေကာ အရေးပေါ်နှိမ်နင်းဖို့ လိုအပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆာရီထာ သာဗီဆင်က အခုသီတင်းပတ်မှာပဲ ဖနွမ်းပင်သို့သွားရောက်ပြီး ကမ္ဘောဒီးယား…

သမ္မတရှီကျင့်ဖျင် အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စက္ကူဖြူစာတမ်း တရုတ် ထုတ်ပြန်

ဘေဂျင်း၊ စက်တင်ဘာ(၂၉) တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၁၃ ခုနှစ်ကတည်းက အကြံပြုခဲ့တဲ့ ကောင်းမွန်တဲ့ကမ္ဘာဖြစ်ဖို့ အသေးစိတ်အစီအစဉ်တစ်ရပ်ကို တရုတ်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်မျှဝေရေး အစီအစဉ် စက္ကူဖြူစာတမ်းအဖြစ် အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်ဟာ ကမ္ဘာအတွက် ကောင်းမွန်တဲ့လမ်းကြောင်း တစ်ခု ပြသထားပြီးဖြစ်သလို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းတဲ့ သဘောတူညီချက်ကို ချမှတ်ထား ပြီဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ…

အမေရိကန်ထောက်လှမ်းရေးစနစ် အကောင်အထည်ဖော်ဖို့ တရုတ်ဟွာဝေးကုမ္ပဏီနဲ့ တာလီဘန်တို့ ဆွေးနွေး

ကာဘူးလ်၊ စက်တင်ဘာ (၂၈) တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရဲ့ မြို့အတော်များများမှာ အမေရိကန်တပ်တွေ ပြန်မဆုတ်မီ အသုံးပြုဖို့ စီမံရေးဆွဲထားတဲ့ အကြီးစားစောင့်ကြည့်ရေး ကင်မရာကွန်ရက်စနစ်ကို ဖန်တီးဖို့ ကြိုးစားလာပါတယ်။ ဒီဆောင်ရွက်မှုဟာ အမေရိကန်တပ်တွေ အာဖဂန်က ၂၀၂၁ တပ်ပြန်မရုတ်ခင်အထိ အမေရိကန်ဘက်မှ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ထောက်လှမ်းရေးအစီအစဉ်လည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ မြို့တော်ကာဘူးလ်တဝိုက် ကင်မရာအလုံးရေ ထောင်နဲ့ချီတပ်ဆင်ဖို့ နည်းလမ်းရှာဖွေနေကြောင်းလည်း…

လူကြိုက်များတဲ့ မူဝါဒတွေ တိုးမြှင့်ချမှတ်ဖို့ ထိုင်းဝန်ကြီးချုပ်သစ် စီစဉ်

ဘန်ကောက်၊ စက်တင်ဘာ (၁၉) ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် ဆရီထာသာဗီဇင်က သူရဲ့အစိုးရအနေနဲ့ လျှပ်စစ်မီတာခ ဖြည်း ဖြည်းချင်း လျှော့ချမှုနဲ့ နေ့စဉ်လုပ်အားခ မြှင့်တင်မှုပါဝင်တဲ့ လူနေမှုစရိတ်တွေလျှော့ချမယ့် မူဝါဒတွေကို အခုနှစ်ကုန်မှာ ပိုမိုချမှတ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ ပါတယ်။ ထိုင်းပို့ကုန်တွေ ဝယ်လိုအားနည်းနေမှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုနည်းပါးလာမှုကို တုံ့ပြန်ဖို့အတွက် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ၁၁ ပါတီအစိုးရတို့ဟာ…

ခရီးသွားရာသီမှာ ထိုင်းနိုင်ငံကိုလာရောက်မယ့် တရုတ်ခရီးသည်တွေအတွက် ဗီဇာကင်းလွတ် ခွင့်ပြုမယ်

ဘန်ကောက်၊ စက်တင်ဘာ(၁၅) တရုတ်နဲ့ ကာဇက်စတန် နိုင်ငံတို့မှ ခရီးသွားတွေအနေဖြင့် အခုနှစ်အားလပ်ရက်ရာသီမှာ ထိုင်းနိုင်ငံသို့ ဗီဇာကန့်သတ်ချက်မရှိပဲ ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးစီးပွားရေး ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံအနေနဲ့ ခရီးသွားကဏ္ဍကို မြှင့်တင်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ ကာဇက်စတန်ခရီးသွားတွေအနေနဲ့ အခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ အထိ ဗီဇာကင်းလွင့်ခွင့်ဖြင့်ထိုင်းနိုင်ငံကို…

ဆန်စျေးနှုန်းမြင့်တက်နေတာကြောင့် နိုင်ငံအတွင်း ဆန်အလုံအလောက် ဖြည့်ဆည်းဖို့ အင်ဒို သမ္မတပြော

ဂျာကာတာ – စက်တင်ဘာ(၁၃) စပါးအထွက်နည်းပါးလာတာကြောင့် ဆန်စျေးနှုန်းမြင့်တက်လာတာနဲ့အတူ မဟာမိတ်နိုင်ငံတွေ က ဆန်ဖြည့်တင်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာချိန် ပြည်တွင်းမှာ ဆန်အလုံ အလောက်ရှိတယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေပေမယ့် ဆန်စျေးနှုန်းတွေဟာ ရာစုနှစ်တစ်ခုအတွင်း ဩဂုတ်လအတွင်း ဆန်တစ်ကီလိုဂရမ်ဟာ (၁.၆) ရာခိုင်နှုန်း​(၁၄၀၀၀) ရူပီယာအထိ မြင့် တက်လာတပါ။ အင်ဒိုဗဟိုဘဏ်အချက်အလက်တွေအရ…

ရုရှားထုတ် Su-30 ဖိုက်တာဂျက်တင်ပို့မှုကို မြန်မာစစ်ကောင်စီ လက်ခံရရှိထား

မော်စကို – စက်တင်ဘာ(၁၂) မြန်မာနိုင်ငံဟာ ရုရှားထုတ် Su-30 ဖိုက်တာဂျက်လေယာဉ်နှစ်စီး ပထမအကြိမ်တင်ပို့မှုကို လက်ခံရရှိထားပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်ရေးဝန်ကြီး ချာလီသန်းက ရုရှားနိုင်ငံပိုင် သတင်း ဌာန RIA ကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ရည်ရွယ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့အတွက် ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Eastern Economic Forum ရဲ့ ပြင်ပ…