Thanlwintimes

စစ်အာဏာသိမ်း (၁၃၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၃၀ AAPP ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၇၈) ရက်အတွင်း ပြည်သူ (၆၀၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၄၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ ရော်ဘာအထွက်နှုန်း သိသိသာသာကျဆင်းလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၃၀ မွန်ပြည်နယ်ရဲ့ အခုနှစ်ရော်ဘာရာသီမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ရောဂါပိုးကျရောက်နေတာ၊ လုံခြုံရေးကြောင့် ရော်ဘာအစေးမခြစ်နိုင်တဲ့အတွက် ရော်ဘာအထွက်နှုန်း သိသိသာသာ ကျဆင်းနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။ ရော်ဘာအစေးခြစ် လုပ်ငန်းတွေဟာ အခုနှစ်ရော်ဘာရာသီမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ဒေသအခေါ် ငှက်မျက်စိရောဂါ ပိုးမွှားတွေ ကျရောက်နေတဲ့အတွက် ရော်ဘာအရွက်တွေ ပုပ်ကြွေပြီးနောက် အထွက်နှုန်းတွေပါ ကျဆင်းလာပါတယ်။ ငှက်မျက်စိရောဂါပိုး ကျရောက်နေတဲ့အတွက်…

မြန်မာ့အရေး တရုတ်ရဲ့ ခြေလှမ်းစိပ်မှု မဟာဗျူဟာစီမံကိန်းတွေကြောင့်လို့ အကဲခတ်တွေပြော

နေပြည်တော် ၊ နိုဝင်ဘာ ၃၀ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာ့အကျပ်အတည်းတွေအပေါ် တရုတ်အစိုးရရဲ့ ပါ ဝင်စွက်ဖက်မှု ခြေလှမ်းစိပ်လာတာဟာ မဟာဗျူဟာစီမံကိန်းတွေကြောင့်လို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာ ဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံးရှိနေတယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေက…

စစ်ကြောင်းနာမည်ခံ ငွေကြေးတောင်းခံမှု ထိရောက်စွာ အရေးယူသွားမယ်လို့ ဒေါနစစ်ကြောင်းထုတ်ပြန်

ရေဖြူ၊ နိုဝင်ဘာ ၃၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဒေါနစစ်ကြောင်းနာမည်ခံပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတဲ့အတွက် တိုင်ကြားပေးကြဖို့နဲ့ သိရှိပါက ထိရောက်စွာအရေးယူသွားမယ်လို့ ဒေါနစစ်ကြောင်းက နိုဝင်ဘာ၂၈ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ဒေါနစစ်ကြောင်းဟာ ပြည်သူလူထုထံကနေ ငွေကြေးကောက်ယူတာ၊ ငွေညှစ်တာ၊ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာ၊ အခွန်ဆက်ကြေးကောက်ခံမှုတွေကို အဖွဲ့အစည်း စတင်တည်ထောင်ချိန်ကစပြီး လက်ရှိအချိန်အထိ ပြုလုပ်ခဲ့တာ…

ကျိုက်ထိုလူမှုကူညီရေးအသင်းဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်အခြေစိုက် ကော့စနိုင်လူမှုကူညီရေးအသင်းဝင် တစ်ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကော့စနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်ကို စစ်ကောင်စီရဲ့ ကျိုက်ထိုမြို့နယ်တရားရုံးကနေ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၀ အမိန့်ချမှတ်လိုက်တာပါ။…

ယူကရိန်းရှိ အရေးကြီး ဆုံးဖြတ်ချက်ချရာ နေရာတွေကို ပစ်ခတ် ရှင်းလင်းပစ်မယ်လို့ ပူတင် ခြိမ်းခြောက်

မော်စကို၊ နိုဝင်ဘာ ၂၉ ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိဗ်မှာရှိတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်ရာ နေရာတွေကို မိမိတို့ရဲ့ ပဲ့ထိန်း ဒုံးကျည်အသစ် Oreshnik နဲ့ ပစ်ခတ် ရှင်းလင်းပစ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်လိုက်ပါတယ်။ ရုရှား နယ်မြေထဲကို ယူကရိန်းက အမေရိကန် ထောက်ပံ့ထားတဲ့ Atacms ဒုံးကျည်နဲ့ ဆက်လက် တိုက်ခိုက်နေတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းရဲ့…

ပြည်နယ်ရွေးကောက်ပွဲ ဝင်မယ့် ဖူထိုင်းပါတီ ကိုယ်စားလှယ်လောင်းတွေကို သက်ဆင် ကူညီမယ်

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ အာဏာရ ဖူထိုင်းပါတီ အနေနဲ့ ဥဒွန်သာနီပြည်နယ်မှာ အနိုင်ရခဲ့ပြီးနောက် ဥဘွန်ရတ်ချာသာနီ၊ ချင်းမိုင်နဲ့ ဆီဆာကတ်ပြည်နယ်တို့မှာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ PAO ဥက္ကဋ္ဌ ရာထူးအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ကူညီပေးသွားမယ်လို့ ပြောပါတယ်။ သက်ဆင်ဟာ ကိုယ်စားလှယ်လောင်းတွေ လျှောက်လွှာ တင်ရမယ့် ပထမဆုံးနေ့…

နိုင်ငံတဝန်းမှာ စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါးအထိ စံချိန်တင်မြင့်တက်

မော်လမြိုင်၊ နိုဝင်ဘာ ၂၉ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်နေပြီး အရပ်သားတွေအတွက် ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှု အကျပ်အတည်းဟာ ဆက်လက်ဆိုးဝါးနေတယ်လို့…

တောင်ကုတ်မြို့ကို AA ထိန်းချုပ်

တောင်ကုတ်၊ နိုဝင်ဘာ ၂၉ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ တောင်ကုတ်မြို့ပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၇ ရက်အကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးကို AA က နိုဝင်ဘာ ၂၄ ရက်နေ့မှာ…

ပုလောဒေသခံတစ်ဦးသတ်ဖြတ်မှု မကျူးလွန်ခဲ့ဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပုလောဒေသခံ ရွာသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ သတ် ဖြတ်ခဲ့တာ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားကို ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင်…