Thanlwintimes

အစိုးရဝန်ထမ်း လစာတိုးမြှင့်ရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့ အတည်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၃၀ ဘွဲ့ ဒီဂရီတစ်ခုခု ကိုင်ထားသူကို ဘတ် ၁၈၀၀၀ ထက်မနည်းစေရေး၊ အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိထားသူ တစ်ဦးကို အနည်းဆုံး ဘတ် ၁၁၀၀၀ ပေးရေး အစိုးရဝန်ထမ်းအသစ်တွေအဖြစ် ခေါ်ယူထားသူတွေအတွက် စတင်ရရှိမယ့် လစာပမာဏ ညှိနှိုင်းရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီလို လစာနှုန်းထား ပြန်လည်ပြင်ဆင်မှုကြောင့် ဘက်ဂျက်…

စစ်ကောင်စီလက်ချက်ကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၇၅ ဦး သေဆုံး

မော်လမြိုင်၊ နိုဝင်ဘာ ၃၀ နိုင်ငံတဝန်းမှာ အခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၇၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသာများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာလ၂၉ ရက်နေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် အမျိုးသမီး ၃၁ ဦးနဲ့ အမျိုးသား ၄၄ ဦးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ…

ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့တိုက်ခိုက်မှု တားဆီးအရေးယူဖို့ NUG တိုက်တွန်း

ဖလမ်း ၊ နိုဝင်ဘာ ၃၀ ကျန်းမာရေးကဏ္ဍဖြစ်တဲ့ ဆေးရုံ၊ဆေးခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ တားဆီးအရေး ယူဖို့ အထူးလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။ အာဏာသိမ်းမှုအတွင်း အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေ ကြောင်း အသုံးပြုတိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ ရက်နေ့မှာ…

မူဆယ်မှာ ကုန်ပစ္စည်းသယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်ပိတ်ပင်

မူဆယ်၊ နိုဝင်ဘာ ၃၀ မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီက အခြေခံစားသောက်ကုန်တွေအပါအ ဝင် စက်သုံးဆီသယ်ယူခွင့်တွေကို ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တအာင်းပြည်နယ် တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီက တရုတ်ပြည်နိုင်ငံမှလာတဲ့ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး…

ရခိုင်မှာ LGBT တစ်ဦးကို AA က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ LGBT တစ်ဦးကို ရက္ခိုင့်တပ်တော် AA က ပေါ်တာဆွဲပြီး ထွက်ပြေးလို့ဆိုကာ ပစ်သတ်ခဲ့တယ်”လို့ စစ်ကောင်စီဘက်က သတင်းမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

ပဲခူးတိုင်းက ကျေးရွာတွေကို လက်နက်ကြီးပစ်တာ PDF တွေလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်တာ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

စစ်အာဏာသိမ်း (၁၃၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၃၀ AAPP ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၇၈) ရက်အတွင်း ပြည်သူ (၆၀၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၄၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ ရော်ဘာအထွက်နှုန်း သိသိသာသာကျဆင်းလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၃၀ မွန်ပြည်နယ်ရဲ့ အခုနှစ်ရော်ဘာရာသီမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ရောဂါပိုးကျရောက်နေတာ၊ လုံခြုံရေးကြောင့် ရော်ဘာအစေးမခြစ်နိုင်တဲ့အတွက် ရော်ဘာအထွက်နှုန်း သိသိသာသာ ကျဆင်းနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။ ရော်ဘာအစေးခြစ် လုပ်ငန်းတွေဟာ အခုနှစ်ရော်ဘာရာသီမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ဒေသအခေါ် ငှက်မျက်စိရောဂါ ပိုးမွှားတွေ ကျရောက်နေတဲ့အတွက် ရော်ဘာအရွက်တွေ ပုပ်ကြွေပြီးနောက် အထွက်နှုန်းတွေပါ ကျဆင်းလာပါတယ်။ ငှက်မျက်စိရောဂါပိုး ကျရောက်နေတဲ့အတွက်…

မြန်မာ့အရေး တရုတ်ရဲ့ ခြေလှမ်းစိပ်မှု မဟာဗျူဟာစီမံကိန်းတွေကြောင့်လို့ အကဲခတ်တွေပြော

နေပြည်တော် ၊ နိုဝင်ဘာ ၃၀ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာ့အကျပ်အတည်းတွေအပေါ် တရုတ်အစိုးရရဲ့ ပါ ဝင်စွက်ဖက်မှု ခြေလှမ်းစိပ်လာတာဟာ မဟာဗျူဟာစီမံကိန်းတွေကြောင့်လို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာ ဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံးရှိနေတယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေက…

စစ်ကြောင်းနာမည်ခံ ငွေကြေးတောင်းခံမှု ထိရောက်စွာ အရေးယူသွားမယ်လို့ ဒေါနစစ်ကြောင်းထုတ်ပြန်

ရေဖြူ၊ နိုဝင်ဘာ ၃၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဒေါနစစ်ကြောင်းနာမည်ခံပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတဲ့အတွက် တိုင်ကြားပေးကြဖို့နဲ့ သိရှိပါက ထိရောက်စွာအရေးယူသွားမယ်လို့ ဒေါနစစ်ကြောင်းက နိုဝင်ဘာ၂၈ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ဒေါနစစ်ကြောင်းဟာ ပြည်သူလူထုထံကနေ ငွေကြေးကောက်ယူတာ၊ ငွေညှစ်တာ၊ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာ၊ အခွန်ဆက်ကြေးကောက်ခံမှုတွေကို အဖွဲ့အစည်း စတင်တည်ထောင်ချိန်ကစပြီး လက်ရှိအချိန်အထိ ပြုလုပ်ခဲ့တာ…