ကိုဗစ်ကာလ မွန်ပြည်နယ်မှာ အိမ်တွင်းအကြမ်းဖက်မှု ပိုမိုမြင့်တက်ခဲ့
မော်လမြိုင် ၊ ဒီဇင်ဘာ (၄) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွန်ပြည်နယ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာပြီး ကလေးသူငယ်တွေလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပိုမိုများပြားခဲ့တယ်လို့ ဝေါလ်ဗီရှင်းမြန်မာရဲ့ ပေါင်မြို့နယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းမန်နေဂျာက ပြောပါတယ်။ ကိုဗစ်-၁၉ ကာလမှာ စီးပွာရေးကြပ်တည်းလာတာနဲ့အတူ အမျိုးသမီးအပေါ် အကြမ်းဖက်မှုခံရတဲ့ ဖြစ်စဉ်တွေဟာ အရင်ကထက် အဆမတ တိုးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိန်းဖြစ်စဉ်တွေကလည်း ပိုမိုများပြားခဲ့ပြီး…