မွန်ညီညွတ်ရေးပါတီမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူ နည်းပါး
မော်လမြိုင် ၊ ဇူလိုင် (၂၄) မွန်ညီညွတ်ရေးပါတီမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းအဖြစ် လာရောက်လျှောက်ထားသူ အလွန်နည်းပါးနေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားတဲ့အပြင် ကိုယ်စားလှယ်လောင်း အရည်အချင်းတန်းတူဖြစ်ရင် အမျိုးသမီးတွေကို ဦးစားပေး ရွေးချယ်ဖို့ မူဝါဒတွေ ချမှတ်ထားပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ် လာရောက်လျှောက်ထားသူ (၉၀) ကျော် ရှိတဲ့အထဲမှာ အမျိုးသမီးက (၁၀)…