Thanlwintimes

မူးယစ်ဆေးဝါးပြဿနာကို သုံးနှစ်ကြာသည့်တိုင် အောင်မြင်စွာ မတားဆီးနိုင်သေးဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးပြဿနာများကို ပြည်နယ်အစိုးရသက်တမ်း (၃)နှစ်ကြာသည့်တိုင် အောင်မြင်စွာမတားဆီးနိုင်သေးဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဒုတိအကြိမ်လွှတ်တော် (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။ မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဘိန်းစာရွက်ကိုပြုတ်၍ ကိုကာကိုလာနှင့် ရောနှောသောက်သုံးသည့်အလေ့အကျင့်ကို အဆိုးဝါးဆုံးတွေ့ရှိနေရကြောင်း ဒေါက်တာအေးဇံက ပြောသည်။ “ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ အင်မတန်ကိုများပြားတယ်ဆိုပေမယ့်လည်း အောင်မြင်တဲ့အခြေအနေ နဂိုအခြေအနေထက်ပိုမဆိုးအောင် ထိန်းချုပ်နိုင်တဲ့အခြေအနေပဲရှိပြီးတော့ ပိုပြီးတိုးတက်အောင်မြင်လာတဲ့အခြေအနေကို မတွေ့ရှိရပါဘူး “…

အတ္တရံမြစ်အရှေ့နှင့် အနောက်ကိုဆက်သည့် အတ္တရံမြစ်ကူး(စံပယ်ဂူ)တံတားကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည်

အတ္တရံမြစ်အရှေ့နှင့် အနောက်ကိုဆက်သည့် အတ္တရံမြစ်ကူး(စံပယ်ဂူ)တံတားကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည် မော်လမြိုင် ဇန်နဝါရီ ၁၉ ကျိုက်မရောမြို့နယ်ရှိ အတ္တရံမြစ်ကိုဖြတ်၍ အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းကိုဆက်ပေးမည့် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားကို ပြည်နယ်ဘတ်ဂျက်နှင့် ပြည်ထောင်စုဘတ်ဂျက်တို့ ပူးပေါင်း၍ (၂)နှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အဆိုပါတံတားကို ပြည်ထောင်စုမှဆောက်လုပ်ပေးရမှာဖြစ်ပြီး ပြည်ထောင်စု အနေနဲ့ တံတားကိုဆောက်လုပ်ပေးမည်ဆိုပါက ယခုရရှိမယ့်ဘတ်ဂျက်အနေနဲ့ မဖြစ်နိုင်သေးတာကြောင့် ပြည်နယ်ဘတ်ဂျက်နဲ့ပူးပေါင်းဆောက်လုပ်ရကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံကဆိုသည်။…

မွန်ပြည်နယ်တွင်လင်းယုန်စီမံချက်စတင်သည့်ပထမနေ့တွင်စည်းကမ်းပျက်မော်တော်ယာဉ်(၄၄၁)စီးဖမ်းဆီးအရေးယူထား

မွန်ပြည်နယ်တွင်လင်းယုန်စီမံချက်စတင်သည့်ပထမနေ့တွင်စည်းကမ်းပျက်မော်တော်ယာဉ်(၄၄၁)စီးဖမ်းဆီးအရေးယူထား မော်လမြိုင်၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ်တွင် လင်းယုန်စီမံချက်စတင်သည့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စည်းကမ်းပျက် မော်တော်ဆိုင်ကယ် (၄၁၄) စီး ၊ ကား (၂၃)စီး နှင့် ဘေးတွဲ (၄)စီးကို ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့၏စာရင်းအရ သိရသည်။ “ စီမံချက်ကာလက၂ရက်ပဲရှိသေးတယ် လင်းယုန်ကအခုမှ ဥကနေပေါက်ပြီးထွက်လာစပဲရှိသေးတယ် ပျံလို့ရတဲ့အနေအထားရောက်ရင်ပျံမယ် သုတ်နိုင်တဲ့အနေအထားရောက်ရင် သုတ်သွားမယ် လင်းယုန်ဆိုတဲ့သဘောတရားအတိုင်း…

မွန်အမျိုးသားကျောင်းများ ရန်ပုံငွေအတွက် မိမိရဲ့ပန်းချီများခင်းကျင်းပြသသူ မိအဲမဏိအိန်

မွန်အမျိုးသားကျောင်းများ ရန်ပုံငွေအတွက် မိမိရဲ့ပန်းချီများခင်းကျင်းပြသသူ မိအဲမဏိအိန် ++++++++++++++++++++++++++++++++++++++++++ အသက်(၁၃)နှစ်သာရှိတဲ့ ပန်းချီပညာကိုတစ်စိုက်စိုက်မတ်မတ်လေ့လာနေပြီး ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေကို ပြပွဲတွေမှာပါ ပြသခွင့်ရနေတဲ့ မွန်တိုင်းရင်းသူ မိအဲမဏိအိန်နှင့် သံလွင်တိုင်မ်းတို့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မွန်အမျိုးသားပညာရေးအထောက်အကူပြု ရန်ပုံငွေရရှိရန် မွန်အမျိုးသားပညာရေးကော်မတီမှ ပံ့ပိုးမှုဖြင့်ပြုလုပ်သည့် ပန်းချီးပြပွဲတွင်လည်း မိအဲမဏိအိန်ရဲ့ ပန်းချီကားချပ်တွေပါ ခင်းကျင်းပြသထားတာပါ။ အဆိုပါပန်းချီပြပွဲကို မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် ၁၁.၁.၁၉ မှ…

အလိုမတူပဲအမျိုးသားချင်း အဓမ္မပြုကျင့်မှုကြောင့်နစ်နာသူမှ အမှုဖွင့်ထား

မော်လမြိုင်၊ ဇန်နဝါရီ ၉ မော်လမြိုင်မြို့၊ ကွင်းရပ်ကျောက်မီးသွေးရုံလမ်းတွင် ဖွင့်လှစ်ထားသည့် ဆံသဆိုင်တွင်လာရောက်လုပ်ကိုင်နေသည့် ဧရာဝတီတိုင်း ဇလွန်မြို့နယ်တွင်နေထိုင်သူ အသက်(၃၀)နှစ်အရွယ် အမျိုးသားကို ဆိုင်ပိုင်ရှင်မှ အလိုမတူပဲ အဓမ္မပြုကျင့်သဖြင့် မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ အဆိုပါဆံသဆိုင်မှာ ဆံသခြင်းအပြင် အမျိုးသားများကို နှိပ်နယ်ပေးသည့် မာဆပ်၊ ဆီးလူးမာဆပ်များပါ တွဲဖက်ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ နစ်နာသူ အသက်(၃၀)နှစ်အရွယ် အမျိုးသားက ပြောသည်။ ပြစ်မှုကျူးလွန်ခဲ့သည်ဟု…

(၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားကျင်းပနေမှုမြင်ကွင်းများ

(၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားကျင်းပနေမှုမြင်ကွင်းများ ( ရုပ်သံ) +++++++++++++++++++++++++++++++++++++++++++++ မော်လမြိုင် ဇန်နဝါရီ ၄ မော်လမြိုင်မြို့ မောရဝတီပန်းခြံတွင် (၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားကို ယနေ့မနက် (၇)နာရီတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတမှပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခြင်း ၊ ဘင်ခရာတပ်ဖွဲ့များဖြင့် နိုင်ငံတော်အလံနှင့် ကျဆုံးခဲ့ပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရိုက်ကူး – နောင်ခန့်

လွပ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများ

(၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေပုံကို သံလွင်တိုင်းမ်ရဲ့ ပရိသတ်များအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ကူး – နောင်ခန့်

ရာဘာစက်ရုံတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့်ဒေသခံတွေဘယ်လိုခံစားနေကြရလဲ ??

မော်လမြိုင် ဒီဇင်ဘာ ၂၈ မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာနဲ့မြို့မ(၂)ရပ်ကွက်အနီးမှာ နေထိုင်သူတွေဟာ လေထု၊ရေထု ညစ်ညမ်းတာတွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရာဘာစက်ရုံတွေက ချောင်းတွေထဲကိုစွန့်ပစ်လိုက်တဲ့ အရည်တွေကြောင့် ဒီလိုသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်လာရတာလို့ ဒေသခံတွေကဆိုပါတယ်။ ရိုက်ကူး – နောင်ခန့်

လိုင်စင်မဲ့နှင့်စည်းကမ်းပျက်မော်တော်ယာဉ်တွေကိုဖမ်းဆီးအရေးယူရန်ရက်(၁၀၀)စီမံချက်ပြုလုပ်သွားမည်

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စည်းကမ်းပျက်မော်တော်ယာဉ်တွေကို ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှာစတင်ပြီးတော့ ဖမ်းဆီးအရေးယူမှုတွေပြုလုပ်သွားမယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ အဆိုပါစီမံချက်ကို သုံးလကြာပြုလုပ်သွားမှာဖြစ်ပြီး မွန်ပြည်နယ် ၁၀မြို့နယ်မှာ တစ်ပြိုင်တည်းပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ရိုက်ကူး – နောင်ခန့်

ပြည်နယ်အစိုးရ၏ အုန်းမွှေးစီမံကိန်းမြေနှင့်ပတ်သက်ပြီး မူလမြေပိုင်ဆိုင်သူများက မြေနေရာပြန်ရလိုကြောင်း တောင်းဆို

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ ကျိုက်မရောမြို့နယ်တွင်ဆောင်ရွက်နေသည့် အုန်းမွှေးစိုက်ပျိုးရေးစီမံကိန်းမြေနေရာသည် အစိုးရ ပိုင်မြေမဟုတ်ဘဲ လယ်သမားများထံမှာသိမ်းဆည်းထားသည့် မြေနေရာဖြစ်သည်ဟု မူလမြေပိုင်ရှင်တွေက ပြောသည်။ ကျိုက်မရောမြို့နယ်ရှိ (ဘာဘူကုန်းကွင်း ) အလယ်တောင်နှင့် ခရုံဂူတောင်ကြားတွင် ပြုလုပ်နေသည့် အုန်းမွှေးစိုက်ခင်းနှင့်ဆက်စပ်နေသော မြေယာပြဿနာအတွက် မူလမြေပိုင်ရှင်များက မော်လမြိုင်မြို့ ရာမည ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ “ မဆလခေတ်တည်းက ကျွန်တော့်မိဘတွေလုပ်ကိုင်လာခဲ့တာပါ။ မွန်ပြည်နယ်လွှတ်တော်ကနေ တဆင့်…