ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ အမှုမစစ်ဖြစ်
မော်လမြိုင်၊ စက်တင်ဘာ ၁၃ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ အမှုစစ်ဆေးနိုင်ခြင်း မရှိဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည့် အပါအဝင် သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အမှုအတွက် နေပြည်တော်က အထူးတရားရုံးမှာ စစ်ဆေးဖို့ စီစဉ်ထားခဲ့တာပါ။…