စစ်တပ်က ဖမ်းဆီးခဲ့တဲ့ အမျိုးသားတစ်ဦး (၄)ရက်အကြာမှာ သေဆုံးသွားပြီးလို့ မိသားစုကို အကြောင်းကြား
ကျိုက်ထို၊ စက်တင်ဘာ ၁၆ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် လေးရက်အကြာမှာ ၄င်းအမျိုးသား သေဆုံးသွားပြီးလို့ မိသားစုဝင်တွေကို စစ်တပ်က အကြောင်းကြားခဲ့ပါတယ်။ အဖမ်းခံရသူဟာ ကျိုက်ထိုမြို့က NLD ပါတီအလုပ်အမှုဆောင်ဖြစ်သူ ဒေါ်သီတာအေး၏ ခင်ပွန်းဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ရက်နေ့မှာ ဒေါ်သီတာအေးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးရာမှာ သူမကို မတွေ့လို့ ခင်ပွန်းဖြစ်သူ ဦးရန်နိုင်ဦးကို ဖမ်းဆီ ခေါ်ဆောင်သွားခဲ့တာပါ။…