မွန်ရိုးရာဟင်းဘယ်လိုချက်မလဲ
ဂွေးသီးနှင့် ငါးလင်ပန်း ငါးလင်ပန်းကိုအချွဲများ ကုန်အောင်ခြစ်ပါ၊ ပြီးလျှင်အနေတော်အတုံးတုံးပါ၊ ကြက်သွန်နီ၊ ဖြူ ငရုပ်ကောင်း ရောထောင်းပါ။ ဂွေးသီးကိုထက်ခြမ်းခွဲပါ။ တုံးထားသောငါးလင်ပန်းထက်ခြမ်းခွဲထားသော ဂွေးသီးကို ဆားဆနွင်းမျှင်ငပိတို့နှင့် နယ်ပါ၊ ထို့နောက် မီးဖိုပေါ်တွင်အိုးထဲကို ဆီထဲ့ပြီး ဆီပူလျှင်ထောင်းထားသော ငရုပ် ကြက်သွန်များကို ဆီသတ်ပါပြီးလျှင် လုံးနယ်ထားသော ငါးလင်ပန်းနှင့် ဂွေးသီးကိုထည့်ပါ။ ရေကိုခပ်စပ်စပ် ထည့်ပီးချက်ပါ။ ရေခမ်းလျှင် ရေထပ်ထည့်ပြီး ငါးလင်ပန်းနူးသည့် အထိချက်ပါ။…