လတ်တလောဖြစ်ပေါ်လျက်ရှိတဲ့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် ဦးညိုမင်းနှင့် တွေ့ဆုံခြင်း

0
9412
မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်း


မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်း

မွန်ပြည်နယ်အတွင်းသို့ တစ်ဖက်နိုင်ငံကနေ တရားမဝင်တင်သွင်းလာသော ကြက် ဝက် တွေကြောင့် ပြည်နယ်တွင်းလုပ်ငန်းရှင်တွေမှာတော့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ယခုလက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ်မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းနှင့် သံလွင်တိုင်းမ်တို့ တွေ့ဆုံခဲ့ပါတယ်။
မေး။ ။မွန်ပြည်နယ်ရဲ့ယခုလက်ရှိမွေးမြူးရေးလုပ်ငန်းအခြေအနေကိုသုံးသပ်ပေးပါအုံးဆရာ။
ဖြေ။ ။အခုလက်ရှိမှာတော့ ကြက်မွေးမြူးရေး ဝက်မွေးမြူးရေးမှာတော့ တော်တော်လေးကို အခက်အခဲနဲ့ ရင်ဆိုင်နေ ရတယ် ကြက်ဆိုရင်အခု ခြံဖမ်းဈေးဆိုတစ်ပိသာကို ၂၇၀၀ ဈေးနဲ့ဝယ်ယူနေတယ် ထုတ်လုပ်တဲ့စားရိတ်ကတစ်ပိသာကို ၂၈၅၀ လောက်ကျတယ်လို့ ပညာရှင်တွေတွက်ပြထားတာရှိတယ် ထုတ်လုပ်မှုများတိုင်း အရှုံးချည်းဘဲ ဝက်ကလည်းဒီလိုဘဲ ဒိုင်ဖမ်းေျစးက ၃၈ ဘဲဆိုတော့ ရှုံးတာပေါ့ မွေးမြူရေးသမားတွေအနေနဲ့ အခက်အခဲနောက်ဆုံးအခြေအနေကို ရောက်နေကြပြီး ဒါကိုဖြေရှင်းဖို့ဘယ်လိုဝိုင်းဝန်းအဖြေရှာကြမလဲဆိုတာကို စဉ်းစားရမယ်။
မေး။ ။မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ဘာကြောင့်ဒီလိုအခက်တွေကြုံနေရတာလဲ။
ဖြေ။ ။ နောက်ဆုံးသုံးသပ်ချက်အရတော့ တစ်ဖက်နိုင်ငံကနေ တရားမဝင်တင်သွင်းနေတဲ့ ကြက်တွေ သူတို့နိုင်ငံကထုတ်လိုက်တဲ့ မျိုးကြက်မတွေကလည်း တောက်လျှောက်ဈေးကွက်ထဲကို သွင်းနေတာတွေရှိတယ် ဝက်တွေလည်း ဒီတိုင်းဘဲ ဈေးကွက်ဝင်မယ့် ဝက်အရှင်တွေ ပိသာ၅၅တန်းလောက်က တောက်လျှောက်ဝင်နေတာပေါ့ အဲဒီရဲ့ရိုက်ခတ်မှုတွေက အဓိကကျပါတယ်။
မေး။ ။ ဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက်ပြည်နယ်အစိုးရရဲ့လုပ်ဆောင်မှုအခြေအနေကရောဘယ်လိုရှိလဲ။
ဖြေ။ ။ ဒီနေ့မနက်မှာတော့ မွေးမြူးရေးဝန်ကြီးနဲ့တွေ့တဲ့အခါ ဒါတွေကို အစိုးရအနေနဲ့ ထဲထဲဝင်ဝင်လုပ်သွားမယ်လို့ ပြောထားတာတော့ရှိပါတယ် ဘယ်လိုလုပ်သွားမလဲဆိုတာကိုတော့ တိုင်ပင်ဆွေးနွေးတေဲ့အဆင့်ဘဲ ရှိပါသေးတယ်။
မေး။ ။ဆရာတို့လုပ်ငန်းရှင်တွေအနေနဲ့ရောပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် အားရကျေနပ်မှုရှိရကြလား။
ဖြေ။ ။ အခုအနေအထားမှာတော့ အဖြူအမဲမကွဲသေးတဲ့အတွက် အစိုးရအပေါ်မှာ ကျေနပ်မှုရှိခြင်း မရှိခြင်းကိုတော့ အဖြေထုတ်လို့မရသေးဘူး။
မေး။ ။မွေးမြူးရေးလုပ်ငန်းရှင်တွေအတွက်ရောဘယ်လိုအခက်အခဲတွေရှိနေလဲဆရာ။
ဖြေ။ ။မွေးမြူးရေးလုပ်ငန်းရှင်တွေအတွက် နိုင်ငံတော်က အာမခံထားတာဘာမှမရှိဘူး ချေးငွေတွေ နည်းပညာတွေက အခုချိန်ထိ သူတို့လက်ထဲကိုမရောက်သေးဘူး လိုအပ်တဲ့သူတွေရှိတယ် မလိုအပ်တဲ့သူတွေလည်းရှိတယ် ဒါပေမယ့် လိုအပ်တဲ့သူတွေဆီ ဒီကနေ့ထိ နည်းပညာ ငွေကြေး မွေးမြူရေးဇုန် ဒါတွေကို အကျိုးခံစားခွင့်မရကြသေးဘူး အခုလိုဈေးကွက်ပျက်စီးနေတဲ့အချိန်မှာ သူတို့ကိုထပ်ပြီး နောက်တစ်ကြိမ် မွေးမြူးရေးလုပ်ငန်းရှင်သန်နိုင်ဖို့ နိုင်ငံတော်ကနေ လိုအပ်တဲ့ ငွေကြေးနဲ့နည်းပညာကို မပံံ့ပိုးပေးဘူးဆိုရင် မွေးမြူးရေးလုပ်ငန်းကို စွန့်ပစ်ရလောက်တဲ့အခြေအနေဖြစ်သွားမယ်လို့ သုံးသပ်လို့ရတယ်။
မေး။ ။မွေးမြူးရေးလုပ်ငန်းပြန်လည်ဦးမော့လာနိုင်ဖို့အတွက်ဘာတွေလိုအပ်မလဲဆရာ။
ဖြေ။ ။ မွေးမြူမှုမှာတော့ ဈေးကွက်အနေအထားနဲ့မှီပါတယ် နည်းပညာနဲ့ငွေကြေးအရင်းအနှီးတွေ သူတို့လိုနေတယ် တစ်နှစ်ပတ်လုံး မွေးမြူးရေးသမားတွေနဲ့ထိတွေ့ပြီး မေးမြန်းတာတွေရှိတယ် အဓိကတော့ နည်းပညာနဲ့ငွေကြေးအရင်းအနှီးရယ် မြေယာအရင်းအနှီးရယ် ဒီအခြေခံသုံးမျိုးကိုတော့ သူတို့တကယ်လိုအပ်နေတယ်။
မေး။ ။ ဆရာ့အနေနဲ့သီးခြားဖြည့်စွက်ပြောချင်တာများရှိမလား။
ဖြေ။ ။ နိုင်ငံတော်အဆင့်အနေနဲ့ ဒီပြသနာတွေကိုပူးပေါင်းဖြေရှင်းပေးဖို့အတွက် ကျွန်တေ်ာတို့တိုက်တွန်းပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.