မြန်မာ့သံတမန်ရေးရာမှာ အာဆီယံခေါင်းဆောင်တွ ပိုကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အမေရိကန် တောင်းဆို
ဝါရှင်တန် – မေ(၁၃) မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေ ဖို့ကြိုးပမ်းရာမှာ အမေရိကန်က အရှေ့တောင်အာရှခေါင်းဆောင်တွေကို ပိုမိုကြီးမားတဲ့ စေ့စပ်ညှိနှိုင်း ရေး အခန်းကဏ္ဍမှာ အားစိုက်ပါဝင်စေလိုတယ်လို့ အမေရိကန်နိုင်ငံ အာရှဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦး က ပြောခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်းပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး နောက်မှာတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့အတွက်…