Thanlwintimes

နယ်စပ်အရေးဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံသည် အကျိုးအကြောင်းမသင့်သော လိုလားချက်များကိုသာ ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံပြော

ဘေဂျင်း၊ အောက်တိုဘာ ၁၃ အငြင်းပွားဖွယ်နယ်စပ်ရေးရာကိစ္စရပ်နှင့်ပတ်သက်သော တွေ့ဆုံဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိခဲ့ဟု တရုတ်အစိုးရမှ ပြောကြားခဲ့သည်။ ၎င်းအခြေအနေသည် ယမန်နှစ်အတွင်း ဖြစ်ပွားခဲ့သော ထိတွေ့မှုများနောက်တွင် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကောင်းမွန်ဖို့ ဆောင်ရွက်ရာမှာ ရုန်းကန်နေရဆဲဖြစ်သည်ကို ထင်ဟပ်သည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော စစ်ရေးအရာရှိများအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ တင်းအားများကို လျှော့ပါးသက်သာစေရန် အကောင်းဆုံး ကြိုးပမ်းခဲ့သည်ဟု တရုတ်စစ်ဘက်…

တရားမဝင်နယ်မြေဖြတ်ကျော်မှုကို ဆောင်ရွက်ပေးနေတဲ့ ထိုင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

ကန်ချနဘူရီ၊ အောက်တိုဘာ ၁၃ ကိုဗစ် ၁၉ ကူးစက်မှုရောဂါတားမြစ်ချက်ကို ချိုးဖောက်ပြီး ထိုင်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၇)ဦးနဲ့ ကလေးငယ် (၁)ဦးတို့ကို ခေါ်ဆောင်လာမှုနဲ့ ဆန်ခလဘူရီခရိုင်၊ စစ်ဆေးရေးဂိတ်ကနေ ထိုင်းအမျိုးသမီး (၂)ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သုံးဖဖမ်းခရိုင်ကနေ ဆန်ခလဘူရီကို ဦးတည်လာတဲ့ မစ်ဆူဘီရှိကားကို ချောက်အ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးစဉ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား…

တောင်ကိုရီးယားဒီမိုကရေစီအသွင်ကူးပြောင်းမှုက အရှေ့တောင်အာရှအတွက် စံတခုဖြစ်လာနိုင်လား ? အပိုင်း (၂)

“ တောင်ကိုရီးယားနည်းလမ်း ” ဖြင့် အရှေ့တောင်အာရှဒီမိုကရေစီအတွက်ဖြစ်နိုင်ခြေ တောင်ကိုရီးယားဒီမိုကရေစီသည် ၂၇ နှစ်တာကြာမြင့်ခဲ့သော ဒီမိုကရေစီဆန္ဒပြမှုများနှင့် တက်ကြွလှုပ်ရှားမှုများ၏ ရလဒ်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများက တောင်ကိုရီးယားနိုင်ငံ၏ တရားမျှတသောရွေး ကောက်ပွဲအတွက် ပြည်သူလူထု၏ တောင်းဆိုနိုင်မှုစွမ်းအားက အာဏာရှင်အစိုးရများအား လစ်ဘရယ်ဒီမိုကရေစီ အစိုးရအဖြစ် မည်သို့မည်ပုံပြောင်းလဲနိုင်ကြောင်း ဥပမာတခုအနေဖြင့် ဖော်ပြခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဥ်က မကြာသေးခင်ကဖြစ်ပွားခဲ့သော အရှေ့တောင်အာရှနိုင်ငံ၏ဖြစ်စဥ်နှင့် တူညီနေသည်။ အတိတ်က တောင်ကိုရီးယားနှင့်…

စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပိုမိုအသုံးပြု ပစ်ခတ်လာ

မော်လမြိုင်၊ အောက်တိုဘာ ၁၃ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရောက်ရှိလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး‌တွေ ပိုမိုအသုံးပြု ပစ်ခတ်လာသလို ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မူတြော်ခရိုင်က ထုတ်ပြန်ပါတယ်။ မူတြော်ခရိုင် ကမမောင်း၊ ဖာပွန်ဒေသသို့ ဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် စကခ(၈)လက်အောက်ခံ ခမရ(၄၀၆)၊ ခမရ(၄၀၄)တပ်ရင်းတွေက BGF အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတာ ဖြစ်ပါတယ်။ “ဒီရက်ပိုင်းမှာ သူတို့လှုပ်ရှားမှုတွေ…

မွန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅ သိန်းကျော် ရှိပြီးလို့ စစ်ကောင်စီ ကျန်းမာရေး ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၃ မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူ ၅ သိန်းကျော်ထိ ရှိလာပြီးလို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပေးမှု အခြေအနေအရ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူ ၁ သိန်းကျော်၊ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးသူ ၄ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပေးရာမှာ အုပ်စု…

ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး အပါအဝင် ၄ ဦး သေဆုံး

မော်လမြိုင်၊အောက်တိုဘာ ၁၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ရွာသစ်ရွာမှာ KNLA ဖြစ်ပွါးတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် လေးဦးသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ခံကနေ သိရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ ရွာသစ်ရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်လာခဲ့လို့ နယ်မြေခံ ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ တစ်နာရီနီးပါးကြာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာပါ။ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်…

နိုဝင်ဘာလ ၁ ရက်နေ့က စပြီး ထိုင်းနိုင်ငံပြန်လည်ဖွင့်လှစ်မည်

ဘန်ကောက်၊ အောက်တိုဘာ ၁၂ နိုင်ငံ့စီးပွားရေးကို ပြန်လည်အားဖြည့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုတရပ်အနေဖြင့် ထိုင်းအစိုးရသည် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ကူးစက်မှုအန္တရာယ်နည်းပါးသောနိုင်ငံများမှ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသား ခရီးသွားဧည့်သည်များကို ကွာရန်တင်းကန့်သတ်ချက်မရှိဘဲ ထိုင်းဘုရင့်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်။ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာ၏ အောက်တိုဘာ ၁၁ ရက်နေ့ည၊ ထုတ်ပြန်ပြောကြားသော မိန့်ခွန်းတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော ခရီးသွားဧည့်သည်များအတွက်…

NUG အစိုးရရဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်မှုကို စောင့်ကြည့်နေတယ်လို့ PPST ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၂ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ‌တွေကို အနီးကပ် သတိထားစောင့်ကြည့်နေပြီး ထိုက်သင်တဲ့ လုပ်ဆောင်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင် ပြုလုပ်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး(၂၀/၂၀၂၁) အဖွင့်မိန့်ခွန်းမှာ နိုင်အောင်မင်းက ထည့်သွင်းပြောဆိုခဲ့တာပါ။…