Thanlwintimes

ပေါင်မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးအတွက် ဝင်ပြိုင်မည့်သူများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၂)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၀) (၁)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော ပေါင်မြို့နယ်တွင် နိုင်ငံရေးပါတီ (၇)ခုက နေရာပြည့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။…

သံဖြူဇရပ်မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးအတွက် ဝင်ပြိုင်မည့်သူများ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈) (၁) နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံရေးပါတီ (၅)ခုက နေရာပြည့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၀…

မွန်ပြည်နယ်အတွက် ရွေးကောက်ပွဲ သုံးကြိမ်တွင် ဝင်ပြိုင်ကြသည့် ပါတီများ နှိုင်းယှဉ်ချက်

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများဖြစ်သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ်၌ ပါတီယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများစာရင်းကို သံလွင်တိုင်းမ်သတင်းဌာနမှ ပြုစုထုတ်ပြန်လိုက်ပါသည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၇)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်…

ရွေးကောက်ပွဲဝင်ပြိုင်ကြသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ နိုင်ငံရေးပါတီများနည်းတူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မွန်ပြည်နယ်၌ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၃)ဦး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၂၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ ချောင်းဆုံမြို့နယ်မှ လွဲပြီး ကျန်(၉)မြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး…

မွန်ပြည်နယ်တွင် ပါတီ (၁၇)ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃၀၂)ဦးဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ (၁၇)ခုမှ ကိုယ်စားလှယ်လောင်း (၂၉၁)ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၁)တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှာ မွန်ပြည်နယ်၏ မဲဆန္ဒနယ်အားလုံးဖြစ်သော (၄၅)နေရာလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီကမူ သထုံနှင့် ဘီးလင်းမဲဆန္ဒနယ်အပါအဝင် ကရင်တိုင်းရင်းသားရေးရာနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်မပါဘဲ ကိုယ်စားလှယ်လောင်း (၃၅)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့်…

မော်လမြိုင်မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးအတွက် ဝင်ပြိုင်မည့်သူများ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာအတွက် အပါအဝင် နိုင်ငံရေးပါတီပေါင်း(၁၃)ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၄)နှင့် (၅) ပေါင်း (၂)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၅)နေရာရရှိသော မော်လမြိုင်တွင် နိုင်ငံရေးပါတီ (၅)ခုက နေရာပြည့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နေရာ(၅)ခုစလုံး၌ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့ပြီး…

NLD ပါတီရဲ့ မဲဆွယ်စည်းရုံးမှုဟာ ကော်မရှင်ရဲ့ လမ်းညွှန်းမှုတွေကို သွေဖယ်နေတယ်လို့ ဝေဖန်

မော်လမြိုင် ၊ စက်တင်ဘာ (၉) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လမ်းညွှန်းမှုတွေကို သွေဖယ်နေတယ်လို့ အတိုက်အခံ ပါတီတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အင်အားကြီးနိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုဟာ စက်တင်ဘာလ (၈) ရက်နေ့မှာ စတင်ခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရာမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရာမှာဖြစ်ပြီး လူ(၅၀)ထက် ပိုမစုဝေးဖို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ မွန်ပြည်နယ်မှာ စတင်ခဲ့တဲ့…

အင်အားကြီးပါတီများ မဲဆွယ်စည်းရုံးမှု စတင်

မော်လမြိုင် ၊ စက်တင်ဘာ (၈) ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို စက်တင်ဘာလ (၈)ရက်နေ့မှာ စတင်နေပြီး ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ထုတ်ပြန်ထားပါတယ်။ မွန်ပြည်နယ်ရဲ့ လွှတ်တော်မဲဆန္ဒနယ်မှာ အားလုံးမှာ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့…

ကုလားကုတ်ကျွန်းက ရေလုပ်သား(၅၀၀)ကျော် မဲ‌ပေးနိုင်ရေး လုပ်ငန်းရှင်များ ကူညီမည်

ရေး ၊ စက်တင်ဘာ (၅) ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းက ရွှေ့ပြောင်းရေလုပ်သားတွေမဲပေးနိုင်ရေးအတွက် ကျွန်းနေ ရေလုပ်ငန်းရှင်တွေက ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ လမိုင်းမြို့ကနေ ရေလမ်းနဲ့ (၂) နာရီနီးပါး သွားရတဲ့ ကုလားကုတ်ကျွန်းမှာတော့ ရွှေ့ပြောင်းရေလုပ်သားတွေ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၄၀၀၀ ကျော်ရှိနေတာပါ။ ဒီဒေသမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းရေလုပ်သား (၅၀၀) ကျော် မဲပေးခွင့်ရအောင် လုပ်ငန်းရှင်တွေက ကူညီပေးမှာဖြစ်ပြီး…

မွန်ပြည်နယ်ရဲ့ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးနေ

မော်လမြိုင် ၊ စက်တင်ဘာ (၅) မွန်ပြည်နယ်ရဲ့ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် တစ်အိမ်တက်ဆင်း စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာတုန်းကတော့ မဲစာရင်း အချက်အလက်မှားယွင်းမှုတွေ များပြားခဲ့တယ်လို့ မဲဆန္ဒရှင်တွေနဲ့ မဲစာရင်းစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာတဲ့အချိန်မှာ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် ကော်မရှင်၊ ထွေအုပ်နဲ့ လဝကတို့ ပူးပေါင်းပြီးတော့…