သေဒဏ်စီရင်မှုကြောင့် နွေဦးတော်လှန်ရေး အရှိန်အဟုန် ပိုမို ပြင်းထန်လာနိုင်
ရန်ကုန် ၊ ဇူလိုင် (၂၉) စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင် ကွက်မျက်လိုက်တဲ့အတွက် နွေဦးတော်လှန်ရေး အရှိန်အဟုန် ပိုမိုပြင်းထန်လာနိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမှောင်ကျသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်စီရင်လိုက်ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ…