Thanlwintimes

မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ရဲနဲ့တပ်က ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

မော်လမြိုင် ၊ မတ် (၂) မွန်ပြည်နယ်အတွင်း မော်လမြိုင် မုဒုံ သံဖြူဇရပ် အစရှိတဲ့ မြို့အဝင်အထွက်နေရာတွေမှာ ရဲနဲ့တပ်က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စစ်ဆေးခံခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲနဲ့တပ်တို့ ပူးပေါင်းပြီးတော့ မြို့ဝင်မြို့ထွက် ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေ ကားတွေကို ရပ်တန့် စစ်ဆေးတဲ့အပြင် ဖုန်းနဲ့ အိတ်တွေကိုပါ ရှာဖွေစစ်ဆေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ခရီးသွား ပြည်သူတွေက…

ကျိုက်မရော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ကျိုက်မရော ၊ မတ် (၂) NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ဝင် (၂၂) ဦးပါဝင်တဲ့ ကျိုက်မရော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ရပ်မိရပ်ဖတွေ ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားသမဂ္ဂ…

ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီးနောက် အဆက်အသွယ်မရလို့ ဒေါ်မာမာခိုင် မိသားစုဝင်တွေ စိုးရိမ်

မော်လမြိုင် ၊ မတ် (၂) သထုံမြို့က NLD ပါတီ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ သူရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက် တစ်ပတ်ကျော် ကြာတဲ့အထိ အဆက်အသွယ်မရလို့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေပိုင်းမှာ ဒေါ်မာမာခိုင်နဲ့ သူ့ရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး…

စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

မော်လမြိုင်၊ မတ် (၁) အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဒီကနေ့ နေ့လည်ပိုင်းမှာ သီရိမြိုင်ရပ်ကွက်အတွင်း နေထိုင်သူတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရပ်ကွက်အတွင်း နေထိုင်သူတွေက ကြိုးနှင့်တား ပိတ်ထားပြီး သူတို့ရဲ့ ဆန္ဒသဘောထားတွေကိုလည်း ရေးသားထားပါတယ်။ အဲ့ဒီအထဲမှာ “စစ်ကောင်စီမှ ခန့်အပ်ထားသော မည်သည်အုပ်ချုပ်ရေးမှူးကိုမှ လက်မခံပါ”၊ “အရှက်မရှိရင် ရုံးပေါ်တက်”၊ “ပြည်သူတင်မြောက်သော အုပ်ချုပ်ရေးမှူး…

ဆန္ဒဖော်ထုတ်ပွဲ မှတ်တမ်းယူနေသူတွေကို ရဲက ပစ်မှတ်ထား အကြမ်းဖက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၈) ဖေဖော်ဝါရီလ (၂၈)ရက်နေ့ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ကြောင်း မော်လမြိုင်မြို့ ဆန္ဒဖော်ထုတ်ပွဲအား မှတ်တမ်းယူနေသူတွေကို ရဲတပ်ဖွဲ့က ပစ်မှတ်ထား အကြမ်းဖက်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်ပွဲအား မြေမြင်သတင်းရယူနေတဲ့ သတင်းထောက်တွေ ၊ မှတ်တမ်းဓာတ်ပုံ ရိုက်သူတွေနဲ့ နေအိမ်ကနေ ဖုန်းနှင့်မှတ်တမ်းရိုက်တဲ့ ပြည်သူတွေကိုပါ အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။ မော်လမြိုင်မြို့က စစ်ကြောင်းတွေ မပူးပေါင်းနိုင်အောင် ရဲတပ်ဖွဲ့က…

ဆန္ဒဖော်ထုတ်ပွဲ အကြမ်းဖက်ဖြိုခွင်း ၊ ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၈) အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး ဖေဖော်ဝါရီလ (၂၈)ရက် မော်လမြိုင်မြို့က လူထုဆန္ဒဖော်ပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသူ အမြောက်အများ ရှိခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေကို ဖြိုခွင်းရာမှာ ရေဖြန်းတာ ၊ အသံမိုင်းပစ်တာ ၊ မျက်ရည်ယိုဗုံးပစ်တာ ၊ ရာဘာကျည်နဲ့ ပစ်တာအပြင် ကျည်အစစ်တွေနဲ့ပါ…

ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ မွန်လွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၆) ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်အများစု ပါဝင်တဲ့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ (၂၅)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဟာ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို အွန်လိုင်းကနေ ခေါ်ယူခဲ့ပြီး မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကော်မတီဟာ…

မွန်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် အမှုဖွင့်ခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထွေအုပ်က တရားလိုလုပ်ပြီး မော်လမြိုင် မြို့မရဲစခန်းမှာ ဒီကနေ့ ညနေပိုင်းက အမှုဖွင့်ထားပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ဖေဖော်ဝါရီလ (၈)ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် မွန်ပြည်နယ် ပြည်နယ်သားများအတွက် မေတ္တာရပ်ခံ တိုက်တွန်းတယ်ဆိုပြီး (၁)မိနစ်ကျော်ကြာတဲ့ ရုပ်သံဖိုင်ကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။…

အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မွန်ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအိမ်ရာဝင်းမှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဒီကနေ့ နေ့လည်ပိုင်းမှာ တပ်က နေအိမ် ပြန်ခွင့်ပြုခဲ့ပါတယ်။ ဝန်ကြီးတွေကို (၁၀)ရက်ကျော်အကြာ အကျယ်ချုပ်နဲ့ တပ်ကထိန်းသိမ်းပြီးနောက်မှာ အခုလို ပြန်လွှတ်ပေးခဲ့တာပါ။ အခုလို နေအိမ်ပြန်ခွင့်ရပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လှုံ့ဆော်မှုတွေ မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခဲ့ရတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး…

ဘီးလင်းမြို့နယ် NLD အမတ် ၂ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် အမှုဖွင့်ခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ဘီးလင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် အမတ် ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမှုဖွင့်ထားပါတယ်။ ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရီရတနာ နဲ့ ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အလိုမရှိဆန္ဒထုတ်ဖော်ပွဲများတွင် ပြည်သူတွေနဲ့အတူ ဦးဆောင်ကာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ…