Thanlwintimes

ညမထွက်ရအမိန့်ကြောင့် ရာဘာအစေးခြစ်လုပ်သားတွေ အခက်တွေ့

မော်လမြိုင် ၊ မတ် (၂၆) မွန်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ညပိုင်းအစေးခြစ်ရတဲ့ ရာဘာလုပ်သားတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် တစ်သိန်းကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်တဝှမ်းက မြို့နယ်တွေမှာ ည (၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရအမိန့်တွေ…

စစ်ကောင်စီနှင့် ပူးပေါင်းလို့ မွန်ညီညွတ်ရေးပါတီဝင် (၂၀)နီးပါး နှုတ်ထွက်

မော်လမြိုင် ၊ မတ် (၂၅) အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ပါတီဝင် (၂၀) နီးပါး မတ်လ (၂၄)ရက်နေ့က နှုတ်ထွက်ခဲ့ကြပါတယ်။ အခုလို နှုတ်ထွက်သူတွေထဲမှာ ဗဟိုအလုပ်အမှုဆောင် (၂) ဦး ၊ ဗဟိုကော်မတီဝင် (၃) ဦး နှင့် မြို့နယ်ကော်မတီဝင် (၁၅) ဦးကျော် ပါဝင်ပါတယ်။…

အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ပြောက်ကျားသပိတ်ကို ပြောင်းလဲဆင်နွှဲ

မော်လမြိုင် ၊ မတ် (၂၅) အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိလာလို့ လူထုဟာ ပြောက်ကျားသပိတ်ကို ပြောင်းလဲ ဆင်နွှဲနေကြပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ အစောပိုင်းတုန်းကတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ထောင်သောင်းချီတဲ့ လူထုက လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒီလို ဆန္ဒဖော်ထုတ်မှုတွေကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းလို့ ဖမ်းဆီးခံရသူတွေ…

စစ်ကောင်စီနှင့် ပူးပေါင်းလို့ မွန်ညီညွတ်ရေးပါတီဝင် (၂၀)နီးပါး နှုတ်ထွက်

မော်လမြိုင် ၊ မတ် (၂၅) အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ပါတီဝင် (၂၀) နီးပါး မတ်လ (၂၄)ရက်နေ့က နှုတ်ထွက်ခဲ့ကြပါတယ်။ အခုလို နှုတ်ထွက်သူတွေထဲမှာ ဗဟိုအလုပ်အမှုဆောင် (၂) ဦး ၊ ဗဟိုကော်မတီဝင် (၃) ဦး နှင့် မြို့နယ်ကော်မတီဝင် (၁၅) ဦးကျော် ပါဝင်ပါတယ်။…

NLD ကိုယ်စားလှယ် (၁၆)ဦးကို ပုဒ်မ ၅၀၅ နှင့် စစ်ကောင်စီ အမှုဖွင့်

မော်လမြိုင် ၊ မတ် (၂၄) မွန်ပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ် (၁၆) ဦးကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ (၅၀၅) နှင့် အမှုဖွင့် တရားစွဲဆိုထားပါတယ်။ အမှုဖွင့်ခံရသူတွေထဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကတော့ ဖမ်းဆီးခံထားရပြီး ကျန်တဲ့ကိုယ်စားလှယ်တွေကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။…

ရုံးပြန်တက်တဲ့ CDM ဝန်ထမ်းတွေကို ဌာနဆိုင်ရာအကြီးအကဲတွေက အရေးယူ

မော်လမြိုင် ၊ မတ် (၂၃) CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတချို့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ရုံးပြန်တက်ပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေက စွဲချက်တင်ပြီး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်က ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။…

CDM ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်တဲ့အပေါ် မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂကန့်ကွက်

မော်လမြိုင် ၊ မတ် (၂၂) CDM မှာ ပါဝင်နေတဲ့ ဆရာ ဆရာမတွေ ကို ဖိအားပေး ခြိမ်းခြောက်ပြီး ရုံးပြန်တက်ဖို့ ညွှန်ကြားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂက မနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ မော်လမြိုင်တက္ကသိုလ် မေဂျာအသီးသီးက ဆရာ ဆရာမ အများစုဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။…

မနေ့ညက ပေါင်မှာ အမျိုးသားသုံးဦး ပစ်ခတ်ခံရ ၊ တစ်ဦး ပွဲချင်းပြီး သေဆုံး

ပေါင် ၊ မတ် (၂၀) ပေါင်မြို့နယ်မှာ မတ်လ(၁၉)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ပေါင်မြို့မှာ မနေ့ညပိုင်း (၁၁)နာရီခန့်က အမျိုးသားသုံးဦး ဆိုင်ကယ်နှင့် အပြင်ထွက်သွားလာရာမှာ ပေါင်မြို့မရဲစခန်းအနီး လုံခြုံရေးယူနေတဲ့ အကြမ်းဖက် စစ်အုပ်စုက သေနတ်နှင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပစ်ခတ်လို့ တစ်ဦးကတော့ နေရာမှာတင်…

အာဏာသိမ်းပြီးနောက် မတ်ပဲစျေးဆက်တိုက်ကျလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်

မော်လမြိုင် ၊ မတ် (၂၀) စစ်တပ်အာဏာသိမ်းပြီး(၄၈)ရက်အကြာ မွန်ပြည်နယ် စျေးကွက်မှာ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းနေလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်နေပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကနေ ယခုချိန်ထိ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းလာတာဖြစ်ပြီး တစ်ရက်ထက် တစ်ရက် ကျပ် ၅၀၀၀ ၊ ၁၀၀၀၀ နှုန်းစီ ဆက်တိုက် စျေးနှုန်းကျဆင်းလာတာလို့ ဆိုပါတယ်။ စျေးနှုန်းကျဆင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတွေ…

ဒေါ်မာမာခိုင်နှင့်အမျိုးသားကို မတ်လ (၂၅)ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

မော်လမြိုင် ၊ မတ် (၁၈) အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့ အမျိုးသားကို မတ်လ (၂၅)ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့အမျိုးသားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ထိန်းသိမ်းပြီးနောက် ဒေါ်မာမာခိုင်ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ…