ပစိဖိတ်ဒေသ၏လုံခြုံရေးပြဿနာများကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ဆာမိုအာ ၀န်ကြီးချုပ်ပြော
အပီယာ၊ ဇွန် ၁၈ ပစိဖိတ်ဒေသတွင်း လုံခြုံရေးဆိုင်ရာပြဿနာတွေကို ဒေသတွင်းနိုင်ငံများကသာ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဆာမိုအာနိုင်ငံဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးထွားလာမှုနှင့် ကျွန်းနိုင်ငံငယ်များတွင် စစ်အင်အား တိုးချဲ့မှု အလားအလာကြောင့် အိမ်နီးချင်း သြစတြေးလျနှင့် နယူးဇီလန်တို့အပြင် သူတို့ရဲ့ မဟာမိတ် အမေရိကန်တို့ကြား စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့တာပါ။ “သူတို့ရဲ့ ကြီးမားတဲ့ စျေးကွက်၊ ဝယ်ယူမှုစွမ်းအားနဲ့ အခြားအရာတွေကြောင့်…