Thanlwintimes

ပြည်တွင်းအခြေအနေကို အမြန်ဆုံးထိန်းသိမ်းဖို့ သီရိလင်္ကာကို အမေရိကန်တောင်းဆို

ဝါရှင်တန် – ဇူလိုင်(၁၁) နေအိမ်က နှင်ထုတ်ခံရပြီး ရာထူးမှနုတ်ထွက်တယ်လို့ ကြေညာပြီးနောက်ပိုင်းရေရှည်ဖြေရှင်း ချက်ရယူဖို့ သီရိလင်္ကာခေါင်းဆောင်တွေကို အမေရိကန်က ဇူလိုင်လ(၁၀) ရက်နေ့မှာ တိုက်တွန်း လိုက်ပါတယ်။ နိုင်ငံတော်ပိုမိုကောင်းမွန်လာစေဖို့ ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေး ပါတီတစ်ခုမှ မဟုတ်ပဲ သီရိလင်္ကာပါလီမန်ကို ချဉ်းကပ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆို ခွင့်ရှိသူ အန်တိုနီ ဘလင်ကန် က ပြောခဲ့တာပါ။ “ရေရှည်စီးပွားရေး…

အမေရိကန်က ထိုင်းနဲ့ဒေသတွင်းကို ထောက်ပံ့မှုမြှင့်တင်ပြီး တရုတ်ရဲ့လွှမ်းမိုးမှုကို တုံ့ပြန်မယ်

ဘန်ကောက် – ဇူလိုင်(၁၁) အာရှမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှဒကို တုံ့ပြန်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုကို အရှိန်မြှင့်ဖို့လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်နဲ့ထိုင်းတို့ ပြီးခဲ့တဲ့ဇူလိုင်လ(၁၀) ရက်နေ့က တွေ့ဆုံ ပြီးသဘောတူလက်မှတ်တွေရေးထိုးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီ နိုင် တို့ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်မြင့်မားလာစေဖို့ ကတိပြုခဲ့ကြတာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ…

နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သန်းကျော်ထိ ရှိလာ

မော်လမြိုင် – ဇူလိုင်(၉) နိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာ တစ်သန်းကျော်ထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ UNOCHA ရဲ့အဆိုအရ အဲဒီထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ…

တနင်္သာရီတိုင်းမှာ တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၇၀ ဦး သတ်ဖြတ်ခံခဲ့ရ

တနင်္သာရီ ၊ ဇူလိုင်(၉) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဇွန်ကလနေ အခုနှစ် ဇွန်လထိ တစ်နှစ်တာ ကာလအတွင်း အရပ်သားပြည်သူ (၁၇၀)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ Southern Monitor အဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရပ်သားပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ ဖမ်းဆီးသတ်ဖြတ်ခံနေရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ အရပ်သားပြည်သူ…

ကယားပြည်နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာ

ဒီမော့ဆို ၊ ဇူလိုင် (၉) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင် ပထမအပတ်ကစပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ သင်္ဘောပင်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်…

ထားဝယ် သင်္ကန်းတုံးမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို ဝင်မွှေပြီးနောက် တန်းဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွား

ထားဝယ် ၊ ဇူလိုင် (၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအတွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနောက်ပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်ဟာ သင်္ကန်းတုံးကျေးရွာမှာ…

မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ တုံ့ပြန်တားဆီးဖို့ NUG နဲ့ MSICC တို့ ဆွေးနွေးခဲ့

မော်လမြိုင် ၊ ဇူလိုင် (၉) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို တုံ့ပြန်တားဆီးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ပြုလုပ်ခဲတဲ့ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာတော့ NUG နဲ့ MSICC တို့ကြား လက်ရှိ လက်တွဲ…

တရားမဝင် မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးတော့မည်

မော်လမြိုင် ၊ ဇူလိုင် (၉) တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်(ပန်းရောက်ကတ်) ထုတ်ပေးတော့မယ်လို့ ထိုင်းအစိုးရက အတည်ပြုကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားမဝင် အထောက်အထားမဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပြုလုပ်သွားမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇူလိုင် ၅…

ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့နေရာမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူနက်နဲ့ အစားထိုးမယ်

လန်ဒန် – ဇူလိုင်(၁၀) ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူနက်ဟာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရာထူးက နှုတ်ထွက်ပြီး (၃) ရက်အကြာမှာပဲ ဝန်ကြီးချုပ်တာဝန်ယူသွားမှာဖြစ်တယ်လို့ ဇူလိုင်လ(၈) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ကွန်ဆာဗေးတစ်ပါတီမှာ အစုလိုက်အပြုံလိုက်တော်လှန်ပုန်ကန်မှုအပြီး လူထုရဲ့ ယုံကြည်မှုကို ဆိုးရွာစွာ ထိခိုက်စေခဲ့တဲ့ အရှုပ်တော်ပုံတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ဂျွန်ဆင်ဟာ ရာထူးက နှုတ်ထွက်ဖို့ ကြေညာခဲ့တာပါ။ ဂျွန်ဆင် ထွက်ခွာခါနီးမှာ နိုင်ငံရေးမသေချာမရေးရာမှုတွေ၊ငွေကြေးဖောင်းပွမှု မြင့်တက်လာတာ တိုးတက်မှုနှေးကွေးတာနဲ့…

ဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်မယ်လို့ အင်တာနက်မှာရေးသားဖြန့်ဝေသူဖမ်းဆီးခံရ

စင်္ကာပူ – ဇူလိုင်(၁၀) စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်မယ်လို့ လှုံဆော်ခဲ့တဲ့ သံသယရှိသူ အသက်(၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ(၈) ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၈) ရက်နေ့ ညနေပိုင်းမှာ ဝန်ကြီးချုပ်ကို အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ ခြိမ်းခြောက်မှု အစီရင်ခံကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး…