Thanlwintimes

မဟာမိတ်ခေါင်းဆောင်တစ်ဦး ဝင်ရောက်ယှဥ်ပြိုင်မှုကို အားပေးထောက်ခံရန်အတွက် သီရိလင်္ကာ၏ အကြီးစား အတိုက်ခံခေါင်းဆောင် သမ္မတရွေး‌ကောက်ပွဲမှ နှုတ်ထွက်

ကိုလံဘို ၊ ဇူလိုင် (၂၀) သီရိလင်္ကာရဲ့ သမ္မတရာထူးအတွက် ယှဥ်ပြိုင်ရာတွင် ပြိုင်ဘက်ကိုယ်စားလှယ်တစ်ဦးကို အားပေးထောက်ခံလိုသောကြောင့် အကြီးစား အတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာသည် ယင်း၏ ဝင်ရောက်ယှဥ်ပြိုင်မှုကို အင်္ဂါနေ့အတွင်းက ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်ချစ်တဲ့ နိုင်ငံနဲ့ ကျွန်တော် မြတ်နိုးတဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက်၊ သမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ဒီကနေ ရုပ်သိမ်းလိုက်ပါတယ်” လို့ ပရီမာဒါဆာက…

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နစ်စီပီလိုစီ ထိုင်ဝမ်ကိုလာရောက်လည်ပတ်ရင် ပြင်းထန် တဲ့အရေးယူမှုတွေနဲ့ကြုံရမယ်လို့ တရုတ်သတိပေး

ပေကျင်း – ဇူလိုင်(၂၀) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ အနေနဲ့ လာမယ် လမှာ ထိုင်ဝမ်ကျွန်းကို သွားရောက်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံအစိုးရက လာရောက်လည်ပတ် ရင်ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ ပီလိုစီနဲ့ သူမရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှား၊ဂျပန်၊မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေနဲ့ အမေရိကန်-အင်ဒို ပစိဖိတ်ဒေသ ကွပ်ကဲမှုဌာနချုပ်ဟာဝိုင်အီကို သွားရောက်လည်ပတ်မှာဖြစ် တယ်လို့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး…

Pegasus လို့ခေါ်တဲ့ လျှို့ဝှက်ဆော့ဖ်ဝဲလ်စနစ်နဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ထိုင်းအစိုးရစောင့်ကြည့်

Pegasus လို့ခေါ်တဲ့ လျှို့ဝှက်ဆော့ဖ်ဝဲလ်စနစ်နဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ထိုင်းအစိုးရစောင့်ကြည့် ဘန်ကောက်- ဇူလိုင်(၂၀) အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေချိန်မှာဒါဇင်နဲ့ ချီတဲ့ ထိုင်းဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားခံခဲ့ရတယ်လို့ နိုင်ငံတကာ ဒစ်ဂျစ်တယ်အခွင့်အရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ထိုင်နိုင်ငံမြို့တော်ဘန်ကောက်မှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာဟာ အရပ်သားလွတ်လပ်ခွင့်တွေပိုမိုရရှိဖို့ တောင်းဆိုခဲ့သလို ဘုရင်စနစ် နဲ့ တင်းကြပ်ထားတဲ့…

အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသက အရပ်သား သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

မော်လမြိုင် ၊ ဇူလိုင်(၁၉) အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသက အရပ်သားပြည်သူ သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ပါတယ်။ ISP Myanmar ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇွန်လထိ မြန်မာနိုင်ငံ…

မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ

မိုးဗြဲ ၊ ဇူလိုင်(၁၉) ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ်မြို့ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ ဇူလိုင်လ (၁၈) ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ထဲကို လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက် နေတာကြောင့် ဒေသခံ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သလို နေအိမ်အတွင်းရှိ အမျိုးသား…

ဘီးလင်းမှာ ဟိုက်ဂျက်ယာဉ် တစ်စီး တိမ်းမှောက်တာကြောင့် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ဘီးလင်း ၊ ဇူလိုင် (၁၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ သံတံတားအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက် ၇ နာရီလောက်က ဟိုက်ဂျက်ယာဉ် တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ်…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထို ၊ ဇူလိုင် (၁၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ့်ပင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက် ၆ နာရီခွဲအချိန်လောက်က ဝေါမြို့နယ်ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို…

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေပေမယ့် ပြည်တွင်း ရွှေဈေးနှုန်း ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ ဇူလိုင် (၁၉) ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက် ကျဆင်း နေပေမယ့် ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်း ဆက်လက် မြင့်တက်နေတာကြောင့် ရွှေဈေးနှုန်း ထပ်မံ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က တစ်အောင်စကို ဒေါ်လာ ၁၈၀၀ ကနေ ဇူလိုင် ၁၈ ရက်နေ့မှာ…

CDM ဆရာ၊ဆရာမတွေ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရ

မော်လမြိုင် ၊ ဇူလိုင် (၁၉) Kaung For You အွန်လိုင်းစာသင်ကျောင်းက ဆရာ၊ဆရာမတွေ ဆက်တိုက် ဖမ်းဆီးခံရနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM ဆရာ၊ဆရာမတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က Kaung For You အွန်လိုင်းစာသင်ကျောင်းရဲ့ အချက်အလက်တချို့ပေါက်ကြားပြီးနောက်…