Radio Than Lwin Times(Episode 16/7)
https://www.youtube.com/embed/rAHRGNAvJ80
https://www.youtube.com/embed/rAHRGNAvJ80
ဂျာကာတာ ၊ ဇူလိုင် (၂၁) ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက် တရားဝင်ခွင့်ပြုမည့် မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို တရားသူကြီး ကိုးဦးရဲ့ ခုံရုံးက ဆုံးဖြတ်ချက်ဖြင့် ဇူလိုင် ၂၀ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကျောထောက်နောက်ခံပေးထားသော ဦးနှောက်ချို့ယွင်းတဲ့ ရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ မိခင်သုံးဦးဟာ နိုင်ငံရဲ့တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို ၂၀၂၀ ခုနှစ်မှာ…
ကန်ဘာရာ – ဇူလိုင်(၂၁) ကိုဗစ်ကြောင့် ဆေးရုံတက်ရသူဦးရေစံချိန်တင်အဆင့်ကို နီးကပ်လာတဲ့အတွက် ဩစတြေးလျ နိုင်ငံသားတွေကို နေအိမ်တွေကပဲ အလုပ်လုပ်ဖို့ညွှန်ကြားထားပြီး အိမ်မှာ နေထိုင်ချိန်တွေမှာလဲ Mask တပ်ဆင်ထားကြဖို့ အသိပေးထားပါတယ်။ BA.4 နဲ့ BA.5 Omicron အမျိုးအသားခွဲတွေက စတင်လာတဲ့ ကိုဗစ်ဟာတတိယလှိုင်းကြားမှာ ရှိနေပြီး ဒီလအစောပိုင်းမှာ ကူးစက်မှုတွေမြင့်တက်လာကာ ဇူလိုင်လ(၁၉) ရက်နေ့မှာတော့ နေ့စဉ် ဖြစ်ပွားမှု (၅၀၂၄၈)…
နေပြည်တော် – ဇူလိုင်(၂၁) အာဏာသိမ်းဆန့်ကျင်ရေး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ကြီးမားတဲ့ မြေမြှုပ်မိုင်းတွေထောင်ထားတာဟာ မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို အခုအချိန်မှာ စစ်အစိုးရကို တန်ပြန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒါဇင်နဲ့ချီဖွဲ့စည်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းပြည်အနှံ့တိုက်ပွဲတွေနဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ…
ပုလော ၊ ဇူလိုင်(၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် အရပ်သား တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁ နာရီလောက်မှာ ပုလောမြို့နယ် စစ်ကောင်စီ အမှတ်(၂၈၅)တပ်ရင်းဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ပိန္နဲတောင်ကျေးရွာထဲကို…
မော်လမြိုင် ၊ ဇူလိုင်(၂၀) မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၂၀၀ ကျော်ထိ ရှိလာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရောဂါပိုး ကူးစက်ခံရသူအများစုဟာ ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းကို လေကြောင်းလိုင်းနဲ့ နယ်စပ်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံတွေက ပြန်လည်…
ထားဝယ် ၊ ဇူလိုင် (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဇူလိုင် ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်က အမျိုးသမီး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်က CDM ကျောင်းသူ မသူဇာဝင်းထက်၊…
ဒူးပလာယာ ၊ ဇူလိုင် (၂၀) ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင်ထဲက မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ရေး လမ်းမကြီးဖြစ်တဲ့ အာရှလမ်းမကြီးတောင်ဘက် ဒေါနတောင်တန်းရဲ့…
မော်လမြိုင် ၊ ဇူလိုင် (၂၀) မွန်ပြည်နယ်က နေအိမ်၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ အဓိက အသုံးပြုနေတဲ့ ဂက်စ်တွေဟာ ဈေးကွက်အတွင်း လိုသလောက် ဝယ်ယူလို့ မရတာကြောင့် ဆိုင်တချို့မှာ ပြတ်လပ်မှုနဲ့ စတင် ကြုံတွေ့နေရပြီးလို့ ဂက်စ် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အိမ်သုံး၊ဆိုင်သုံး ဂက်စ်တွေဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ဈေးကွက်အတွင်း ပြတ်လပ်လာခဲ့တာ ဖြစ်ပြီး…
မော်လမြိုင် ၊ ဇူလိုင် (၂၀) စစ်ကောင်စီရဲ့ ဒေါ်လာငွေ ကန့်သတ်ချက်ကြောင့် ပြည်ပကနေ တင်သွင်းနေရတဲ့ သွင်းကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း ဈေးနှုန်း အဆမတန် မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြည်တွင်းနေထိုင်သူတွေအနေနဲ့ ပြည်ပက ရယူထားတဲ့ ချေးငွေတွေကို အတိုးရော အရင်းပါ ပြန်ဆပ်ဖို့ ဆိုင်းငံ့ ခိုင်းတဲ့အပြင် နိုင်ငံခြားသား ရှယ်ယာ…