ဆေးဝါးမလုံလောက်တာကြောင့် ဒီးမော့ဆိုစစ်ရှောင်တွေကို မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးမှု ရပ်နား
ဒီမော့ဆို ၊ ဇူလိုင်(၂၁) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖွင့်လှစ်ထားတဲ့ ခါနာန်ဆေးရုံမှာ ဆေးဝါးမလုံလောက်တာကြောင့် စစ်ရှောင်ပြည်သူတွေကို မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးမှု အစီအစဉ် ရပ်နားလိုက်ရတယ်လို့ ဒီးမော့ဆို PDF သတင်းပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီခါနာန်ဆေးရုံဟာ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို မိုဘိုင်းစနစ်နဲ့ တစ်ပတ်နှစ်ကြိမ် ဆေးကုသပေးမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်…