ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းဖြစ်သူကို လဝကဥပဒေချိုးဖောက်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး
ရန်ကုန် – ဩဂုတ်(၂၅) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း ဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းတို့ကို အာဏာသိမ်းစစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ဖောက်ဖျက် နေထိုင်လို့ ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်နေ့ ညပိုင်းက သူတို့ဇနီးမောင်နှံကို ရန်ကုန်မြို့က သူတို့ရဲ့ နေအိမ်မှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ခေါ်ဆောင်သွားတာပါ။ မစ္စဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်…