Thanlwintimes

လုံခြုံရေးကြောင့် ရေးမြို့နယ်ရှိ စာသင်ကျောင်းတွေမှာ ကျောင်းတက်တဲ့သူ မရှိသလောက် နည်းပါး

ရေး ၊ သြဂုတ် (၁၆) မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဩဂုတ်လ ဒုတိယပတ်ကပြီး လုံခြုံရေးကြောင့် စာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူ၊ကျောင်းသား မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ မြို့မရဲစခန်းအပါအဝင် စည်ပင်ရုံး၊မြို့နယ်လဝကရုံးနဲ့ အုပ်ချုပ်ရေးမှူးတွေကို လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက မကြာခဏ တိုက်ခိုက်မှုတွေ…

မွန်ပြည်နယ်မှာ စက်သုံးဆီ ဝယ်ယူလို့ မရတဲ့ အခက်အခဲကြောင့် SME လုပ်ငန်းတွေ စတင် ရပ်နားလာ

မော်လမြိုင် ၊ သြဂုတ် (၁၆) မွန်ပြည်နယ်အတွင်းက စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်ပြီးနောက် ဝယ်ယူဖို့ အခက်အခဲရှိလာတဲ့အတွက် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေ စတင် ရပ်နားလာကြတယ်လို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသေးစား၊ အလတ်စား SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း လျှပ်စစ်မီး မမှန်တာနဲ့ စက်သုံးဆီ ဈေးနှုန်း…

ဒီမော့ဆိုမှာ စစ်ကောင်စီတပ် အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

ဒီမော့ဆို ၊ သြဂုတ် (၁၆) နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က တပ်အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အရင်ရှိပြီးသာ တပ်အင်အား ၂၀၀ နီးပါးအပြင် ထပ်တိုးရောက်ရှိလာတဲ့ တပ်အင်အား ၄၀၀ နီးပါး၊…

မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးရိုက်နက်နှိပ်စက်တာတွေ ဆက်တိုက်လုပ်ဆောင်လာ

မုန်း ၊ သြဂုတ် (၁၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဒေသခံအရပ်သားပြည်သူတချို့ကိုဖမ်းဆီးပြီး ရိုက်နှက်ထိုးကြိတ်မှုတွေလုပ်ဆောင်ခဲ့တဲ့အပြင် ငွေသားကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်(၁၃)ရက်နေ့ မနက်(၁၀)နာရီအချိန်က ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ အသက်(၄၀)အရွယ် အောင်းလောင်းစိန်ကျေးရွာသား စောသဂေနဲ့ အသက်(၁၇)နှစ်အရွယ် နောင်ဘိုကျေးရွာသား စောတာအယ်မူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ အောင်းလောင်းစိန်ရွာသား…

အမှန်/အမှာ:

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” တီးတိန်မြို့နယ်၊ ဟိုင်မွှာရွာသစ်တွင် CDFအလောင်းနဲ့လက်နက်များရရှိ”ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို သြဂုတ်လ၁၄…

နှိပ်စက်ဖိအားပေးခံရ၍ ရှစ်လတာ တပ်သားဖြစ်ခဲ့ရသူ၏ CDM ခရီး

မော်လမြိုင် ၊ သြဂုတ် (၁၅) “ကျွန်တော် မပျော်တဲ့ နေရာကြီးမှာ နေနေရတာ နေ့တိုင်း စိတ်ညစ်ရတယ်။ နေ့တိုင်းလို ငိုနေရတယ်ဗျ။ အဲဒီမှာ နေတုန်းကဆို ကိုယ့်ဟာကိုယ် အဆုံး စီရင်ဖို့တောင် စဉ်းစားမိတယ် ” လို့ အသက် ၂၇ နှစ် အရွယ် စစ်သားတစ်ဦးက သူ CDM ဝင်လာရတဲ့ အကြောင်းအရင်းကို ရှိုက်ကြီးတငင်နဲ့…

စစ်အာဏာရှင်ကျရှုံးရေးပြည်ကြီးတံခွန် သပိတ်မှောက်

မန္တလေး -ဩဂုတ်(၁၅) ဒီနေ့ဩဂုတ်(၁၅)ရက်နေ့ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကျရှုံးရေး ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ

ကျိုက်ထိုမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာတဲ့ ကား တိုက်ခိုက်ခံရ

ကျိုက်ထို ၊ သြဂုတ် (၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာသုသာန်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာတဲ့ ကား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ် မရမ်းချောင်းဘက်ကနေ ကျိုက်ထိုမြို့ထဲကို မောင်းနှင်းလာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်…