Thanlwintimes

ကမ္ဘာ့လုံးဆိုင်ရာ တင်းမာမှုတွေကြားမှာ ဘက်မလိုက်ပဲ နိုင်ငံသားတွေအတွက် ရပ်တည်သွားမယ် လို့စင်္ကာပူ ဒုဝန်ကြီးချုပ်ပြောဆို

စင်္ကာပူ – စက်တင်ဘာ(၁၁) ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြားစီးပွားရေးစိန်ခေါ်မှုတွေနဲ့တင်းမာမှု တွေတိုးလာနေချိန်မှာ စင်္ကာပူနိုင်ငံသားတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဒုတိယဝန်ကြီးချုပ် လောရန့်ဝွန်က စက်တင်ဘာလ(၉) ရက်နေ့မှာ ပြောပါတယ်။ ဒီလိုတင်းမာမှုတွေ ရှိနေတာကြောင့် ဒေသတွင်း ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေလည်း မြင့်တက်လာနေပြီး စင်္ကာပူဟာဖိ အားတွေနဲ့ ရင်ဆိုင်ရနိုင်တာပါ။ စင်္ကာပူကို အင်အားကြီးနိုင်ငံတွေက အမျိုးမျိုးသောလမ်းကြောင်းတွေကနေ ဆွဲထုတ်နေ တဲ့အတွက်…

ထားဝယ်လူငယ်သပိတ်ကော်မတီဝင် ၂ ဦး ဖမ်းဆီးခံရ

TLT Tv||- ထားဝယ်လူငယ်သပိတ်ကော်မတီဝင် ၂ ဦး ဖမ်းဆီးခံရ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆန့်ကျင်ကြောင်း သပိတ်တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ လူငယ်သပိတ်ကော်မတီဝင် ၂ ဦးကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ ထားဝယ်လူငယ်သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံကို ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။ Youtube Channel တွင်လည်း ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။…

မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ

မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ မြဝတီ၊ စက်တင်ဘာ (၁၁) ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ရေကုန်ရေခမ်း ကျားကုတ်ကျားခဲနဲ့ ကြိုးစားနေပြီး ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပေမယ့် မရပ်မနား ထိုးစစ်ဆင်နေတယ်လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က နေရာတွေကို…

ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ဝုလ်ဗ်အသင်း ခေါ်ယူ

ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ဝုလ်ဗ်အသင်း ခေါ်ယူ လန်ဒန်၊ စက်တင်ဘာ ၁၁ ပရီးမီးယားလိဂ်ကလပ်အသင်း ဝုလ်ဗ်အသင်းဟာ ဘရာဇီးလ်နဲ့စပိန်နိုင်ငံသား ခံယူထားတဲ့ ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူလိုက်ပြီးလို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ဝုလ်ဗ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီယေဂိုကော်စတာကို ပေးချေရမယ့် လစာငွေနဲ့…

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရ

မော်လမြိုင် – စက်တင်ဘာ(၁၀) ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ ဘလက်တိုကျေးရွာအနီးက နေရာတစ်ခုကို စက်တင်ဘာလ(၉) ရက် ညသန်ခေါင်အချိန်မှာ စစ်ကောင်စီမှော်ဘီလေတပ်စခန်းက နှစ်ကြိမ် တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံက ဒေသတော်တော်များများကို လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေသလို ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီး တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ သတင်း – သံလွင်တိုင်းမ်…

သံဖြူဇရပ်မှာ ရဲကင်းဂိတ် ပစ်ခတ်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ရေးခရိုင်တရားရုံး ထပ်မံ တိုက်ခိုက်ခံရ

မော်လမြိုင်၊ စက်တင်ဘာ (၁၀) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းရှိ စစ်ကောင်စီ ရဲကင်းဂိတ်ဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၂ နာရီအချိန်မှာ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီရဲကင်းဂိတ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ခုက ဝင်ရောက် ပစ်ခတ်ခဲ့တာ…

စစ်အာဏာသိမ်း ရက် (၅၈၆) အတွင်း သတ်ဖြတ်ခံရသူ ၂၂၇၂ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၁၀) AAPP ၏ စက်တင်ဘာလ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၈၆)အတွင်း ပြည်သူ (၂၂၇၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၄၄၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၈၄) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

နှစ်နိုင်ငံနယ်စပ်က တရုတ် အိန္ဒိယ စစ်သားတွေကို ဖြန်ဖြေပေးခဲ့ရတယ်လို့ အိန္ဒိယပြော

နယူးဒေလီ ၊ စက်တင်ဘာ ၉ အိန္ဒိယနှင့် တရုတ်တပ်တွေဟာ ဟိမဝန္တာအနောက်ဘက်မှာရှိတဲ့ ဂိုဂရာ-ရေပူစမ်းနယ်နိမိတ်ကနေ ဆုတ်ခွာသွားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တင်းမာလာပြီးနောက် နှစ်နှစ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယအစိုးရက စက်တင်ဘာ (၈)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့ တက်ရောက်မယ့် ဥဇဘက်ကစ္စတန်နိုင်ငံမှာ လာမည့်သီတင်း ပတ်မှာပြုလုပ်မယ့် အစည်းဝေးမတိုင်မီ အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဆုတ်ခွာရေးအစီအစဉ်ကို…

အာဏာရှင်ကင်က မြောက်ကိုရီးယားပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ပြောဆို

ပြုံယမ်း – စက်တင်ဘာ(၁၀) မြောက်ကိုရီးယားပြည်သူတွေကို လာမယ့် နိုဝင်ဘာလကစပြီး ကိုဗစ်ကာကွယ်ဆေးစတင်ထိုး ပေးတော့မှာ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာလ(၉) ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၈) ရက်နေ့က ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားအမျိုးသားညီလာခံမှာ ခေါင်းဆောင်ကင်က ကိုဗစ်ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားတာနဲ့ပတ်သက်ပြီးအခုလိုပြောဆိုခဲ့တာပါ။ “ဒါကြောင့် တာဝန်သိစွာ ဆောင်ရွက်ပေးတဲ့အနေနဲ့ နိုဝင်ဘာမှာ ကာကွယ်ဆေးထိုးတာနဲ့အတူ…