သိမ်ဇရပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ နှစ်ဦး သေဆုံး
သိမ်ဇရပ်၊ ဇန်နဝါရီ ၉ မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီတပ်သားတွေပါ တပ်စွဲနေထိုင်နေတဲ့ သိမ်ဇရပ်နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ…