2025

ပူတင်နဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မိမိတို့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ရီပက်ဘလေကန် ရွေးကောက်ခံသမ္မတက ခေါင်းဆောင်နှစ်ဦး ဘယ်အချိန် တွေ့ဆုံမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။ လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်သို့…

တောင်ကိုရီးယား သမ္မတဟောင်း ယွန်ကို အကြမ်းဖက်နည်းနဲ့ မဖမ်းဖို့ လုံခြုံရေးအကြီးအကဲ သတိပေး

ဆိုးလ်၊ ဇန်နဝါရီ ၁၀ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းမှုကြောင့် စွပ်စွဲ ပြစ်တင်ခံထားရပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရသလို ဖမ်းဝရမ်းနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ဟာ မတရားသဖြင့် ပြုမူခံနေရကြောင်းနဲ့သွေးချောင်းစီးမယ့် အခြေအနေကို ရှောင်ရှားရမယ့်အကြောင်း သူ့ရဲ့ လုံခြုံရေး အကြီးအကဲက ဇန်နဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ သမ္မတ…

တိုင်းရင်းသားစည်းလုံးမှုဟာ နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့ အချိန်လို့ စစ်ခေါင်းဆောင် ပြော

နေပြည်တော် ၊ ဇန်နဝါရီ ၁၀ တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီက တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့ အချိန်ကာလဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောလာပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားတာပါ။…

ပုလောအခြေစိုက် ခလရ ၁၇ တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်

ပုလော၊ ဇန်နဝါရီ ၁၀ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၇ ခြေလျင်တပ်ရင်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ ခလရ ၁၇ တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး…

ကျောက်ကြီးအခြေစိုက် စစ်တပ်စခန်းတစ်ခုကို ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကျောက်ကြီး၊ ဇန်နဝါရီ ၁၀ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်မှာ နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခူသေစိုးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ခူသေစိုးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ…

စစ်အာဏာသိမ်း (၁၄၃၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၂၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၀ AAPP ရဲ့ ဇန်နဝါရီ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၃၉) ရက်အတွင်း ပြည်သူ (၆၁၂၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၁၇၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၀၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မြို့သိမ်းတိုက်ပွဲဖြစ်မလာသေးတဲ့ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်

မော်လမြိုင် ၊ ဇန်နဝါရီ ၁၀ မွန်ပြည်နယ်မှာ မြို့ သိမ်းတိုက်ပွဲဖြစ်မလာသေးဘဲ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေရင် ရွေးကောက်ပွဲကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။ သန်းခေါင်စာရင်းကို မဲစာရင်းအဖြစ် အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြောဆိုခဲ့မှုအပေါ် မွန်ပြည် နယ်က သန်းခေါင်စာရင်းအပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မော်လမြိုင်၊ ချောင်းဆုံနဲ့ ပေါင်မြို့နယ်တို့မှာ ရွေးကောက်ပွဲကို…

နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေပေမယ့် ပြည်တွင်းခရီးစဉ်တွေ ဘေးကင်းလုံခြုံတယ်လို့ စစ်ကောင်စီပြော

နေပြည်တော် ၊ ဇန်နဝါရီ ၁၀ စစ်အာဏာသိမ်းမှုကနေ နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာပြီး မြို့အများအပြား လက်လွှတ်နေရချိန် မြန်မာနိုင်ငံအတွင်းက ခရီးစဉ်တွေဟာ လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်တယ်လို့ စစ်ကောင်စီက ပြောဆိုလာပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီအဖွဲ့ဝင် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဗိုလ် ချုပ်ကြီးမြထွန်းဦးက ပြောဆိုခဲ့တာပါ။…

ကျောက်နီမော်တိုက်ပွဲအတွင်း နေအိမ် ၂၅၀ နီးပါး မီးလောင်ပျက်စီး

လောင်းလုံး၊ ဇန်နဝါရီ ၁၀ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ လေးရက်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီနဲ့ပျူးစောထီးတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်တဲ့ ထားဝယ်တပ်ပေါင်းစုက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လေးရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း တပ်စခန်းတွေ…

စစ်ကောင်စီတပ်သားနှစ်ဦး KNLA ထံ လက်နက်နဲ့အလင်းဝင်

ကျောက်ကြီး၊ ဇန်နဝါရီ ၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တပ်သားဖြစ်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အမှတ် ၂၈၈ ခြေလျင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးဟာ စစ်မှုထမ်းသက် ၁…