ဆိပ်ဖြူမှာ စစ်တပ်လက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ငါးဦး သေဆုံး
မကွေး ဇန်နဝါရီ ၂၇ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ငါးနှစ်အရွယ် အမွှာပူး နှစ်ဦး အပါအဝင် ၅ ဦးသေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ရွှေဘိုးကျွန်း ကပစ ၂၁ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းထောင့်ရွာကို…