သိမ်ဇရပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ အရပ်သားနှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ
သိမ်ဇရပ်၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ခရီးသွားအရပ်သား နှစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက ဒရုန်းနှစ်စီးဟာ သုံးခွကျေးရွာရှိ PDF…