ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
ရေး၊ ဖေဖော်ဝါရီ ၅ မွန်ပြည်နယ် ရေး-သံဖြူဇရပ်ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအ ပြားအသုံးပြုပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ခရီးသွားတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်ကစပြီး သံဖြူဇရပ်မြို့ကနေ ရေးမြို့သို့ သွားရာလမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်အသစ်တွေ တိုးချဲ့ထားပြီး ရှိရင်းစွဲ စစ်ဆေးရေးဂိတ်တွေမှာလည်း အင်အားထပ်မံဖြည့်တင်းထားတာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ အရင်က စစ်ဆေးရေးဂိတ်တစ်ခုမှာအင်အား ၁၀…