တော်လှန်ရေးအင်အားစုတွေကို အကူအညီပေးဖို့ နိုင်ငံတကာထံ CRPH တောင်းဆို
မော်လမြိုင် ၊ ဖေဖော်ဝါရီ ၇ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲလုပ်ဆောင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့ နိုင်ငံတကာအသိုက်အဝိုင်းကို ပြည်ထောင်စုလွှတ်တော် CRPH က တောင်းဆိုလိုက်ပါတယ်။ စုံလင်ကွဲပြားတဲ့ လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ ဆိုပါတယ်။…