2025

သီရိလင်္ကာမှာ မျောက်တစ်ကောင်ကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်

ကိုလမ်ဘို၊ ဖေဖော်ဝါရီ ၁၀ သီရိလင်္ကာနိုင်ငံက လျှပ်စစ် ဓာတ်အားပေးရေး စက်ရုံခွဲတစ်ခုရဲ့ ဓာတ်အားလိုင်းထဲ ချဉ်းနင်း ဝင်ရောက်လာတဲ့ မျောက်တစ်ကောင်ကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရတယ်လို့ အရာရှိတွေက ပြောကြားလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံတစ်ဝန်း ဓာတ်အား ပြတ်တောက်မှုဟာ မနက် ၁၁ နာရီခွဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဓာတ်အားပေးနေတဲ့ ထရန်စဖော်မာနဲ့…

ရာဇဝတ်ကွန်ရက်တွေကို နှိမ်နှင်းပြီးပါက ထိုင်းနယ်စပ်ကနေ ဓာတ်အားနဲ့ အင်တာနက် ပြန်ပေးမယ်လို့ သက်ဆင် ပြော

ဘန်ကောက် ဖေဖော်ဝါရီ ၁၀ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဖုန်းလိမ်လည်ခေါ်ဆိုမှု စင်တာတွေကို ဖြိုခွင်းတဲ့ကြိုးပမ်းမှုတွေမှာ မြန်မာလူမှုအသိုင်းအဝန်းတွေအနေနဲ့ ပူးပေါင်း ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပြီး အဲဒီဒေသမှာရှိတဲ့ ရာဇဝတ်ကွန်ရက်တွေကို နှိမ်နှင်းပြီးတာနဲ့ မြန်မာနိုင်ငံဆီ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် ပြန်လည် ထောက်ပံ့ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တိုင်းရင်းသားရေးရာ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့အပြင်…

ဘီးလင်း တဂေးလောင်းရွာ ဗုံးကြဲခံရလို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၇ လုံး ထိမှန်ပျက်စီး

ဘီးလင်း၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၇ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာလေယာဉ်နဲ့ တဂေးလောင်းကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး…

နိုင်ငံသားကတ်နဲ့ မဲပေးနိုင်ဖို့ စစ်ကောင်စီ မဲစာရင်းပြုစုပြင်ဆင်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၉ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားကတ်ပြားကိုင်ဆောင်ပြီး မဲပေးနိုင်ကြမှာဖြစ်တဲ့အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ စစ်ကောင်စီရဲ့ လဝကဝန်ကြီးက တိုက်တွန်းလာပါတယ်။ လဝကဝန်ကြီး ဦးမြင့်ကြိုင်က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်တွေနဲ့ တွေ့ဆုံတဲ့ညှိနှိုင်းအစည်း အဝေးမှာ ပြောကြားခဲ့တာပါ။ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောထားတဲ့ စစ်ကောင်စီက…

မွန်ပြည်နယ်မှာ ခရီးစဉ်အသစ်တွေ ဖော်ဆောင်ဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ ဖေဖော်ဝါရီ ၉ မွန်ပြည်နယ်အတွင်းရှိ ဒေသတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား မကြာခဏအ ပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေချိန်မှာ ခရီးစဉ်ဒေသအသစ်တွေ ဖော်ဆောင်ဖို့ အာဏာသိမ်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရရုံးမှာပြုလုပ်တဲ့ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာတွေကို…

ဘားအံမြို့မှာ တစ်ရပ်ကွက်လျှင် စစ်မှုထမ်းတစ်ဦးပေးဖို့ စစ်ကောင်စီညွှန်ကြား

ဘားအံ၊ ဖေဖော်ဝါရီ ၉ လာမယ့်စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် ကရင်ပြည်နယ် ဘားအံမြို့မှာ တစ်ရပ်ကွက်လျှင် စစ်မှု ထမ်းသင်တန်းသားတစ်ဦး ပေးဆောင်ဖို့ မြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားထားပြီး သင်တန်းသားသစ် မပေးဆောင်နိုင်ပါက တစ်အိမ်ကို ငွေကျပ် ၅၀၀၀ ပေးဆောင်ရမယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုရက်ပိုင်းအတွင်း ဘားအံမြို့က ရပ်ကွက်တွေအချို့မှာ စစ်ကောင်စီရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က…

ဘီးလင်းမှာ စစ်ကောင်စီတပ် ခံစစ်ပြင်နေ

ဘီးလင်း၊ ဖေဖော်ဝါရီ ၉ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေမှာ အင်အားတွေထပ်မံဖြည့်တင်းနေပြီး ခံစစ်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ကရင်အမျိူးသား လွတ်‌ မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။ လက်ရှိမှာတော့ ဘီးလင်းအ‌ခြေစိုက် စစ်ကောင်စီတပ်ရင်းတွေမှာ တင့်ကားတွေ၊…

အကျဉ်းထောင်တွေမှာ ထောင်ဝန်ထမ်းတွေက နိုင်ကျဥ်းမိသားစုဝင်တွေထံ ငွေကြေးလိမ်လည်တောင်းခံနေ

ဒိုက်ဦး၊ ဖေဖော်ဝါရီ ၈ နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီရဲ့ အကျဉ်းထောင်လေးခုမှာ အကျဉ်းဦးစီးဝန်းထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေထံ ဆက်သွယ်ပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကြေး လိမ်လည်တောင်းဆိုမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေဖြစ်တဲ့ ဒိုက်ဦးအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်နဲ့ ညောင်ဦးအကျဉ်းထောင်တွေမှာ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအစောပိုင်းကစပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို…

လောင်စာဆီနဲ့ ဓာတ်အားဖြတ်တောက်မှုအတွက် ထိုင်းကို မြဝတီမြို့မှာ ဆန္ဒပြ

မြဝတီ ဖေဖော်ဝါရီ ၈ ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ နယ်စပ်နေရာတချို့ဆီ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီ ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်မှုအပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ မြဝတီမြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၁ နဲ့ ၂ တို့မှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စုရုံးခဲ့ကြပါတယ်။ နိုင်ငံတကာရဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့တဲ့ အဲဒီဒေသတွေမှာရှိတဲ့ ဖုန်းခေါ်ဆိုစင်တာ…

ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ ဗုံးနဲ့ ဒုံးကျည်တွေ အစ္စရေးထံ အမေရိကန် ရောင်းချခွင့်ပြု

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ဂါဇာစစ်ပွဲအတွင်း အမေရိကန်ရဲ့လက်နက်တွေ သုံးပြီး ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အစ္စရေးထံ ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချခွင့် ပြုလိုက်ကြောင်း အမေရိကန်က ဖေဖော်ဝါရီ ၇ ရက်မှာ ကြေညာပါတယ်။ ဒေါ်လာ သန်း ၆၆၀ တန်ဖိုးရှိ…