NUG တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံး
မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆ ဦး သေ ဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ NUG ရဲ့ တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးနဲ့တနင်္သာရီတိုင်းတို့မှာ ဇန် နဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ၄၅…