ဘီးလင်းမြို့နယ်က အောက်ကွင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖြန့်ထား
ဘီးလင်း၊ ဖေဖော်ဝါရီ ၂၀ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် တပ်ရင်းနဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီဘက်က အောက်ကွင်းကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ဘီးလင်းမြို့နယ် အောက်ကွင်းကျေးရွာတွေဖြစ်တဲ့ သစ်တိုကျွန်း၊ ဇုတ်သုတ်၊ အနိုင်းပွန်ကျေးရွာအပါအဝင် ကျေးရွာခုနှစ်ရွာလောက်မှာ တပ်ဖြန့်ထားပြီး ဘီးလင်း – တောင်စွန်း…