တအာင်းပညာရေးအတွက် ဆရာ၊ ဆရာမ တစ်ထောင်ကျော်ခေါ်ယူ
နမ့်ဆန်၊ ဖေဖော်ဝါရီ ၂၂ တအာင်းပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ လာမယ့်ပညာသင်နှစ် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်သွားဖို့အတွက် ဆရာ၊ ဆရာမတစ်ထောင်ကျော် ခေါ်ယူခန့်အပ်သွားမယ်လို့ တအာင်းပြည်ပညာရေးကောင်စီ TLEC က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ဆရာမတွေ လိုအပ်နေတယ်လို့ တအာင်းပြည်ပညာရေးကောင်စီက ဆိုပါတယ်။ လက်ရှိမှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနက…