2025

လေးလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၄ နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ လေးလအတွင်း စစ်ကောင်စီရဲ့ လူငါးဦးနဲ့အထက် အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ ညဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၂ မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အစုံလိုက်အပြုံလိုက်…

ပြည်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်ခံရ

ပြည်၊ ဖေဖော်ဝါရီ ၂၄ ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ ထောင်အာဏာပိုင် အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ထိုးကြိတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ ပြည်အကျဉ်းထောင်ရှိ စားရိပ်သာ တာဝန်ခံ အကျဉ်းသားလင်းထိန်…

စေတုတ္တရာမှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကလေး ၁ ဦး အပါအဝင် ၈ ဦးသေဆုံး

မကွေး ဖေဖော်ဝါရီ ၂၄ မကွေးတိုင်း စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၈ ဦးသေဆုံးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူ…

စစ်ပွဲဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ကြွေးကြော်

ဗထူး ၊ ဖေဖော်ဝါရီ ၂၃ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်ရေး ပိုလိုအပ်တဲ့အတွက် နယ်မြေချဲ့ထွင်ရေး တိုက် ပွဲဖော်ဆောင်လာမှုတွေကို စစ်တပ်အနေနဲ့ စစ်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြွေးကြော်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က ဗိုလ်လောင်းသင်တန်းဆင်းအခမ်းအနားနဲ့ တိုက်ခိုက်ရေးကျောင်းသို့ သွားရောက်စဉ် အရာရှိတွေနဲ့ သင်တန်းသားတွေကို ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲတစ်ရပ်ကို…

ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံး

ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၃ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ Justice Soldier PDF က ဖေ ဖော်ဝါရီ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွာသစ်ကုန်းကျေး ရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ…

KNU သထုံခရိုင်က စစ်ရှောင်နှစ်သောင်းနီးပါး အရေးပေါ်အကူအညီလိုအပ်နေ

သထုံ၊ ဖေဖော်ဝါရီ ၂၃ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ဘားအံမြို့နယ်တို့က စစ်ဘေးရှောင်နှစ်သောင်းနီးပါးဟာ အခြေခံစားနပ်ရိက္ခာအပါအဝင် ဆေးဝါးကအစ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါလဆန်းပိုင်းကစပြီး အဲဒီမြို့နယ် သုံးခုမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံ…

လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦး မြန်မာနိုင်ငံမှာ သေနတ်ပစ်ခတ်ခံခဲ့ရ

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၂ မြန်မာနိုင်ငံမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံသား နှစ်ဦး ခြေထောက်တွေကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဘန်တန်းပြည်နယ် တန်ဂါးရန်းမြို့ရှိ ဆိုခါနို-ဟက်တာ နိုင်ငံတကာလေဆိပ်ကတစ်ဆင့် အစိုးရက ပြန်လည် ပို့ဆောင်ခဲ့တဲ့ လူကုန်ကူးခံရသူ ၄၆ ဦးမှာ အဲဒီ သေနတ်…

ယူကရိန်းအနာဂတ် လုံခြုံရေး ဥရောပက လုပ်ဆောင်ရမယ်လို့ ဗြိတိန်စစ်တပ် အကြီးအကဲဟောင်း ပြော

လန်ဒန်၊ ဖေဖော်ဝါရီ ၂၂ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူတဲ့ အခြေအနေမှာ ယူကရိန်း အတွက် အမေရိကန်က ယုံကြည် စိတ်ချရတဲ့ လုံခြုံရေး အာမခံချက် မပေးခဲ့ဘူးဆိုရင် ဥရောပနိုင်ငံတွေက ပေးဖို့ လိုအပ်လိမ့်မယ်လို့ ဗြိတိန် စစ်ဖက်ဆိုင်ရာ အကြီးအကဲဟောင်းက ပြောကြားလိုက်ပါတယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဆာနစ် ကာတာက ယူကရိန်းရဲ့ အချုပ်အခြာ အာဏာ…

သုံးပတ်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၇၀ နီးပါးသေဆုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ နိုင်ငံတစ်ဝန်းမှာ ဖေဖော်ဝါရီလပထမသုံးပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၆၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း AAPP က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၃၀…

ကော့သောင်းမှာ စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ကော့သောင်း၊ ဖေဖော်ဝါရီ ၂၂ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ရှမ်းကိုးကျေးရွာအုပ်စုမှာ စစ်ကောင်စီအတွက် လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ သတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က အောင်သာယာကျေးရွာအနီးမှာ စစ်ကောင်စီကို သတင်းပေးနေတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးရန်အောင်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှောင်တခင်စစ်ဆေးပြီး…