နယ်စပ်တိုက်ပွဲကြောင့် လှိုင်းဘွဲဒေသခံရာနဲ့ချီ ထိုင်းဘက်ခြမ်း တိမ်းရှောင်နေရ
လှိုင်းဘွဲ၊ ဖေဖော်ဝါရီ ၂၈ ထိုင်း-မြန်မာနယ်စပ်အနီးက ကျေးရွာတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လေ ကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ရာနဲ့ချီ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိလာတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်ကစပြီး…