2025

တိုက်လေယာဉ်ကနေ ဗုံး မှားယွင်း ကြဲချမှုကြောင့် အရပ်သားတွေ ထိခိုက်ကြောင်း တောင်ကိုရီးယားလေတပ် ပြော

ဆိုးလ်၊ မတ် ၆ လေ့ကျင့်ရေး အစီအစဉ်အတွင်း မိမိတို့ရဲ့ တိုက်လေယာဉ်တွေထဲက တစ်စီးက နေရာမှားပြီး ဗုံး ၈ လုံး မတော်တဆ ကြဲချမိခဲ့တာကြောင့် အရပ်သား ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား လေတပ်က မတ် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ လေတပ်ရဲ့ KF-16 တိုက်လေယာဉ် တစ်စီးက အထွေထွေသုံး…

အမေရိကန်နဲ့ ဘယ်လို စစ်ပွဲမျိုးမဆို တိုက်ခိုက်ဖို့ အသင့်ရှိတယ်လို့ တရုတ် သတိပေး

ဝါရှင်တန်၊ မတ် ၆ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်ရေး အခွန် တိုးမြှင့်ကောက်ခံမှုတွေကို လက်တုံ့ပြန်ပြီးနောက် တရုတ်က အမေရိကန်နဲ့ ဘယ်လို စစ်ပွဲမျိုးကိုမဆို တိုက်ခိုက်ဖို့ အသင့်ရှိတယ်လို့ သတိပေးလိုက်ပါတယ်။ တရုတ် ကုန်ပစ္စည်း အားလုံးအပေါ် သမ္မတ ထရန့်က နောက်ထပ် အခွန်တွေ တိုးမြှင့်လိုက်ပြီးနောက် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံဟာ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားဖို့…

မော်လမြိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်း စစ်ကောင်စီစတင်အကောင်အထည်ဖော်လာ

မော်လမြိုင် ၊ မတ် ၆ မော်လမြိုင်မြို့အနီးက နိုင်ငံတကာအဆင့်မီ ဆိမ်ကမ်း၁ခုနဲ့ အပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံကိန်း အသစ် (၁)ခုကို စီမံကိန်းရေးဆွဲပြီး (၃)နှစ်ကျော်အကြာမှာ စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ ပင်လယ်ဆိပ်ကမ်းကို မုဒုံမြို့နယ်ရှိ ပင်လယ်ထွက် ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ လျာထားသလို အပြည်ပြည်ဆိုင်ရာ…

တနင်္သာရီမှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ PDF ထံ အလင်းဝင်

တနင်္သာရီ၊ မတ် ၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဇဝဲကျေးရွာအခြေစိုက် တပ်စခန်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်လာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ တနင်္သာရီမြို့အတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်နေချိန် လက်နက်ခဲယမ်းတွေနဲ့အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှာ အလင်းဝင်ရောက်လာခဲ့တာပါ။ အလင်းဝင်လာတဲ့…

စစ်အာဏာသိမ်း (၁၄၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၆ AAPP ရဲ့ မတ် ၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၄၉၄) ရက်အတွင်း ပြည်သူ (၆၃၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၇၄၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၇၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်အာဏာရှင်စနစ်တော်လှန်ရေး ပိုကြမ်းလာမယ်လို့ အကဲခတ်တွေပြော

မော်စကို ၊ မတ် ၆ မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားအစိုးရတို့ နှစ်နိုင်ငံဆွေးနွေးမှုမှာ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့တဲ့အတွက် စစ်အာဏာရှင်စနစ်တော်လှန်ရေး ပိုကြမ်းလာမယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ စစ်ကောင်စီ ဥက္ကဌနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ကိုယ့်ဘာသာခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ရောက်ရှိနေတာပါ။ ရုရှားသမ္မတအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့ လွှတ်တော်ဥက္ကဌနှစ်ဦးတို့က စစ်ခေါင်းဆောင်ကို နှစ်နိုင်ငံကြားကဏ္ဍပေါင်းစုံ…

လစ်လပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေအမြန်ခန့်ဖို့ မွန်ပြည်နယ်စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ မတ် ၆ မွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို ရှင်းလင်းခံနေရချိန် လစ်လပ်နေတဲ့ ရပ် ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာအပြင် စာရေးဝန်ထမ်းနေရာတွေကိုပါ အမြန်ခန့်ဖို့ စစ်ကောင် စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။ မတ်လ ၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး…

ကော့ကရိတ်တောင်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်နေ

ကော့ကရိတ်၊ မတ် ၆ ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်းမှာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲနဲ့ သက်ဆိုင်မှုမရှိတဲ့ ကျေးရွာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့အနီး ကော့နွဲ့ နဲ့ရွာသစ်ကုန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ အခုလ မတ်လအစောပိုင်းရက်တွေမှာ စစ်ကြောင်းထိုးလာတဲ့…

မြိတ်အခြေစိုက် တုံးဗျောကြီးတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

မြိတ်၊ မတ် ၅ တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့တပ်စခန်းကို ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့ တုံဗျောကြီးတပ်စခန်းကို မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က…

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး ရှေ့တိုး ဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ် ပြော

ဘေဂျင်း၊ မတ် ၅ ပြည်ပက ကြားဝင် စွက်ဖက်မှုကို ကန့်ကွက်ပြီး ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး အခိုင်အမာ ရှေ့တိုး ဆောင်ရွက်သွာမှာ ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကီကျန်းက မတ် ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ အားသစ် ပြန်လောင်းရေး စဉ်းစားလာကြစေဖို့ သာမန် ထိုင်ဝမ်ဒေသခံတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။…