စစ်ကောင်စီရဲ့ တရားသောစစ်ဆင်နွှဲမှု မြေပြင်မှာဆန့်ကျင်ဘက်ဖြစ်နေ
မော်လမြိုင် ၊ မတ် ၈ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီက တရားသောစစ် ဆင်နွှဲနေတယ်လို့ နိုင်ငံပိုင်ရုပ်သံမှာ ကြွေးကြော်နေပေမယ့် မြေပြင်မှာ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ရဲ့အချုပ်အခြာအာဏာကို အစဉ်ကာကွယ်စောင့် ရှောက်နေတဲ့ တပ်မတော်သားတွေ တရားသောစစ်အောင်ရမယ်လို့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက အမြဲတစေ ဝါဒဖြန့်လေ့ရှိပါတယ်။ လက်တွေ့မှာတော့…