ဇွန် ၃ ရက်မှာ တောင်ကိုရီးယား ကြားဖြတ် သမ္မတရွေးကောက်ပွဲ ကျင်းပမယ်
ဆိုးလ်၊ ဧပြီ ၈ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ရဲ့ ခေတ္တပဲကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုနဲ့ပတ်သက်လို့ သူ့ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ကြားဖြတ် သမ္မတရွေးကောက်ပွဲ ကျင်းပမယ့် ရက်အဖြစ် ဇွန် ၃ ရက်ကို တောင်ကိုရီးယားအစိုးရက သဘောတူ ခွင့်ပြုပေးလိုက်ပါတယ်။ ရွေးကောက်ပွဲအတွက် အများပြည်သူ အားလပ်ရက်တစ်ရက်ကို သဘောတူ ခွင့်ပြုပေးဖို့ လိုအပ်တဲ့အတွက် အမျိုးသားရွေးကောက်ပွဲ…