ဘားအံမြို့မှာ စစ်မှုထမ်းအတွက် မဲနှိုက်ရွေးချယ်ပြီး လူသစ်စုဆောင်းနေ
ဘားအံ၊ ဧပြီ ၁၁ ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လူငယ်တွေကို စစ်မှုထမ်းခေါ်ယူတာတွေ ဆက်လက်လုပ်ဆောင်နေပြီး ရပ်ကွက်တချို့မှာတော့ စစ်မှုထမ်းဖို့အ တွက် မဲနှိုက်တာတွေ စတင်လုပ်ဆောင်နေပြီလို့ ဘားအံဒေသခံတွေဆီကနေ သိရပါတယ်။ ဘားအံမြို့ပေါ်က ရပ်ကွက်တွေမှာ အရင်က စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်မှုထမ်းခေါ်ယူရာမှာ ရပ်ကွက်တွေအတွင်း ပြည်သူတွေဆီကနေ ငွေကြေးလိုက်လံကောက်ခံယူနေပြီး အဲဒီကောက်ခံရရှိတဲ့ ငွေကြေးတွေနဲ့ လူတစ်ဦးကို ငှားရမ်းခေါ်ဆိုခဲ့ပြီး စစ်မှုထမ်းဖို့အတွက်…