2025

မွန်လက်နက်ကိုင်တပ်တွေရဲ့ ဗျူဟာမြောက်ထိုးစစ် အသံတိတ်နေဆဲ

မော်လမြိုင် ၊ ဧပြီ ၉ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအုပ်ချုပ်ရေးနဲ့ တပ်စခန်းတွေ စိုးမိုးမှုအားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လက်နက်ကိုင်တပ်တွေရဲ့ ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ပွဲတွေ ဒီကနေ့အချိန်အထိ အသံတိတ်နေဆဲဖြစ်ပါတယ်။ မတ်လအတွင်း မွန်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေဟာ တည်ငြိမ်နေပြီး မွန်လက်နက်ကိုင်တပ်တွေကတော့ အင်အားစုဖွဲ့မှုကြိုးပမ်းချက်ကလွဲရင် စစ်ဆင်ရေးတွေ ရပ်တန့်နေတယ်လို့ ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာန RICE က ဆိုပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မွန်လက်နက်ကိုင်တပ်တွေဟာ…

မွန်ပြည်နယ်မှာ ယာယီလိုင်စင်ဆိုင်ကယ်တွေ ဖမ်းဆီးငွေညှစ်ခံနေရ

မော်လမြိုင် ၊ ဧပြီ ၉ မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ယာယီလိုင်စင် ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံပူးပေါင်းအဖွဲ့ဝင်တွေဟာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ခေါင်း စဉ်နဲ့ မြို့ဝင်မြို့ထွက် နေရာတွေအပါအဝင် ယာဉ်သွားယာဉ်လာများတဲ့ နေရာတွေမှာ ယာယီလိုင်စင် ဆိုင်ကယ်တွေကို စစ်ဆေးပြီး…

ငလျင်ကြောင့် ပြည်သူ့နေအိမ် သုံးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG ပြော

မော်လမြိုင်၊ ဧပြီ ၉ အင်အား ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူနေအိမ် ၃၂,၃၆၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ…

အခွန်တိုးကောက်မယ့် ထရန့်ရဲ့ ခြိမ်းခြောက်မှုကို အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ တရုတ် တုံ့ပြန်

ဘေဂျင်း၊ ဧပြီ ၈ ဘေဂျင်းရဲ့ လက်စားချေတဲ့ အခွန်တိုးကောက်မှုတွေကို ပြန်မရုပ်သိမ်းဘူးဆိုရင် အခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပြီးနောက် တရုတ်က ဧပြီ ၈ ရက်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။ အမေရိကန်ရဲ့ အကြပ်ကိုင်တဲ့ သဘောသဘာဝကို မိမိတို့ လုံးဝ လက်ခံမှာ မဟုတ်ဘဲ အဆုံးအထိ…

ဇွန် ၃ ရက်မှာ တောင်ကိုရီးယား ကြားဖြတ် သမ္မတရွေးကောက်ပွဲ ကျင်းပမယ်

ဆိုးလ်၊ ဧပြီ ၈ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ရဲ့ ခေတ္တပဲကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုနဲ့ပတ်သက်လို့ သူ့ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ကြားဖြတ် သမ္မတရွေးကောက်ပွဲ ကျင်းပမယ့် ရက်အဖြစ် ဇွန် ၃ ရက်ကို တောင်ကိုရီးယားအစိုးရက သဘောတူ ခွင့်ပြုပေးလိုက်ပါတယ်။ ရွေးကောက်ပွဲအတွက် အများပြည်သူ အားလပ်ရက်တစ်ရက်ကို သဘောတူ ခွင့်ပြုပေးဖို့ လိုအပ်တဲ့အတွက် အမျိုးသားရွေးကောက်ပွဲ…

အပစ်ရပ်ထားပေမယ့် စစ်ကောင်စီ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ AAPP ပြော

မော်လမြိုင်၊ ဧပြီ ၈ စစ်ကောင်စီဟာ ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ယာယီအပစ်ရပ်ကာလ ကြေညာထားပေမယ့် တိုင်းနဲ့ပြည်နယ်တွေမှာ နေ့စဉ်လက်နက်ကြီးအပြင် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့အထိ ရက်ပေါင်း နှစ်ဆယ်အကြာ…

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားငါးဦး ဒဏ်ရာရ

ညောင်လေးပင်၊ ဧပြီ ၈ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရဲ့ မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူအပါအဝင် အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၄ ရက်နေ့က KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ် ပဒကုန်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့တဲ့အတွက် ပဒကုန်းကျေးရွာမှာ…

ကော့သောင်းမှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်တစ်ဦး PDF ထံ ခိုလှုံ

ကော့သောင်း၊ ဧပြီ ၈ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း တပ်သားစုဆောင်းခံရတဲ့ လူငယ်တစ်ဦး ဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် တပ်သားစုဆောင်းခံရတဲ့ ကိုးမင်းမင်း (အမည်လွှဲ)ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။ ကိုမင်းမင်းဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့မှတဆင့်…

စစ်အာဏာသိမ်း (၁၅၂၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၈ AAPP ရဲ့ ဧပြီ ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၂၇) ရက်အတွင်း ပြည်သူ (၆၄၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၈၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကောင်စီတပ်တွေ လားရှိုးမြို့ပေါ် ဝင်လာရင် ထိန်းချုပ်နယ်မြေတွေ တိုက်ခိုက်ခံရနိုင်

လားရှိုး၊ ဧပြီ ၈ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ရှိ လားရှိုးမြို့ကို စစ်‌ကောင်စီတပ်တွေ ဝင်ရောက်လာရင် အနီးအနားရှိ ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးအရ တိုက်ခိုက်ခံရနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အလွန် ဧပြီ ၂၀ ရက်နေ့ မတိုင်ခင်မှာ ကိုးကန့်တပ် MNDAA ဟာ တရုတ်အစိုးရဖိအားကြောင့် သူတို့ထိန်းချုပ်ထားတဲ့…