KNU ဆီပို့မယ့် စစ်လက်နက်ပစ္စည်း မှောင်ခိုကူးသူတွေ ချင်းမိုင်မှာ အဖမ်းခံရ
ချင်းမိုင် ဧပြီ ၂၄ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ပြည်နယ်မှာ မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေဆီ ပို့မယ့် ဗုံးပစ်လောင်ချာတွေအပါအဝင် စစ်လက်နက်တွေ တရားမဝင် မှောင်ခိုကူးဖို့ ကြိုးပမ်းနေတဲ့ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဖမ်းခံရတဲ့ သံသယရှိသူ နှစ်ဦးရဲ့ အဆိုအရ မယ်ဟောင်ဆောင်ပြည်နယ် ဆော့မိုအိခရိုင်မှာ လက်နက်တွေလာယူမယ့် ကရင်အမျိုးသားအစည်းအရုံး KNU…