တနင်္သာရီတိုင်းကဒေသသုံးခု စက်သုံးဆီနဲ့စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ခံရ
ထားဝယ်၊ ဧပြီ ၂၇ တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်အရှေ့တောဒေသတို့ကို စစ်ကောင်စီဘက်က စက်သုံးဆီနဲ့စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီစတုတ္ထအပတ်လောက်စပြီး ထားဝယ်မြို့အထွက် စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ကမြောကင်းတံတား၊ ဗျောတောဝ၊ ပေါက်တိုင်းဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်တို့မှာ စက်သုံးဆီနဲ့စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စက်သုံးဆီနဲ့စားသောက် ကုန်…