ရုရှားမှာ မြောက်ကိုရီးယားစစ်သား ချထားမှု အဆုံးသတ်ရမယ်လို့ အမေရိကန် ပြော
ဝါရှင်တန်၊ ဧပြီ ၂၉ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ကူတိုက်ပေးဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ စေလွှတ်နေမှု အဆုံးသတ်ရေး အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာ့စ်ဒေသကို ပြန်လည် သိမ်းယူရမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို ရုရှား စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။ ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ…