သထုံခရိုင်မှာ ဧပြီလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်တွေနဲ့ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့
သထုံ ၊ မေ ၁ မွန်ပြည်နယ် သထုံခရိုင်မှာ ဧပြီတစ်လအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး အပါအဝင် လေယာဉ်တွေနဲ့ပါ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ် အမှတ် ၃၁၀ အ မြောက်တပ်ဟာ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာ…