ထားဝယ်အရှေ့တောဒေသ ဗုံးကြဲခံရလို့ အရပ်သား နှစ်ဦး ဒဏ်ရာရ
ထားဝယ်၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကွမ်းချောင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွမ်းချောင်းကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။ ဗုံးကြဲမှုကြောင့်…