မယ်လစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးထွက်ပြေး
လှိုင်းဘွဲ၊ မေ ၁၇ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မော်ကွီးလူ(မယ်လ)စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်နား သောင်ရင်းမြစ်ကမ်းဘေးမှာရှိတဲ့ မော်ကွီးလူ(မယ်လ) စစ်ကောင်စီစခန်းကို မေ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇၊ ကရင်အမျိုးသားကာကွယ်ရေးတပ်…