May 2025

နျူကလီးယား သဘောတူညီမှု ရယူဖို့ ပျက်ကွက်ရင် မကြုံစဖူး တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်ကို ထရန့် သတိပေး

ဒိုဟာ၊ မေ ၁၇ အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝ မထုတ်လုပ်ရေး ရွေးချယ် ဆုံးဖြတ်ရမှာ ဖြစ်ပြီး မဟုတ်ရင် လူတွေ တစ်ခါမှမမြင်ဖူးတဲ့ တိုက်ခိုက်မှုမျိုးနဲ့ရင်ဆိုင်ရမှာ ဖြစ်ကြောင်း မေ ၁၅ ရက် နံနက်ပိုင်းက ဒိုဟာမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်တဲ့ နံနက်စာစားပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ တီဟီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို…

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ခုနှစ်သောင်းခွဲကျော်အထိ တိုးလာ

တနင်္သာရီ၊ မေ ၁၇ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စခန်းသိမ်းတိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇၅၃၀၀ ကျော်အထိရှိခဲ့တယ်လို့ ဒေသတွင်း သု တေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။ နယ်မြေစိုးမိုးမှုပြန်ရဖို့ စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းမကြီးတွေကို ဆက်တိုက်စစ်ကြောင်း ထိုးတာနဲ့ ရေနက်ဆိပ်ကမ်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်မှုတွေအပြင် စခန်းသိမ်းတိုက်ပွဲဖြစ်ပွားတာတွေကြောင့် ဧပြီလအတွင်း တနင်္သာရီတိုင်းမှာ…

TNLA ထိန်းချုပ်ဒေသမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၉ ဦး ထပ်မံသေဆုံး

နောင်ချို၊ မေ ၁၇ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အပစ်ရပ်ကာလနှစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အပစ်ရပ်ကြေညာထားတဲ့ မေ ၁ ရက်နေ့ကနေ ၁၆…

စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး ဒေါနတပ်ရင်းထံအလင်းဝင်

ထားဝယ်၊ မေ ၁၇ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ပြည်သူစစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားနှစ်ဦး အလင်းဝင်လာတယ်လို့ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ(၇) – Launglone Peninsula Force က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အလင်းဝင်လာသူ နှစ်ဦးဟာ ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် ခလရ ၂၇၃ က တပ်သား…

စစ်အာဏာသိမ်း (၁၅၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၆ AAPP ရဲ့ မေ ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၆၆) ရက်အတွင်း ပြည်သူ (၆၆၈၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၅၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၀၃၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် အစုအဖွဲ့ကြား အမြင်မတူကြဘူးလို့ အပစ်ရပ် ၇ ဖွဲ့ ပြော

မော်လမြိုင် ၊ မေ ၁၇ ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အစုအဖွဲ့တွေကြား မတူညီတဲ့ အမြင်သဘောထားတွေ ရှိနေတယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်မှုနဲ့အတူ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြချိန်မှာ ရွေးကောက်ပွဲအပေါ် ဘယ်လောက်စိတ်ဝင်စားမှုရှိနိုင်မလဲဆိုတာ…

မယ်လစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးထွက်ပြေး

လှိုင်းဘွဲ၊ မေ ၁၇ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မော်ကွီးလူ(မယ်လ)စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်နား သောင်ရင်းမြစ်ကမ်းဘေးမှာရှိတဲ့ မော်ကွီးလူ(မယ်လ) စစ်ကောင်စီစခန်းကို မေ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇၊ ကရင်အမျိုးသားကာကွယ်ရေးတပ်…

လောင်းလုံးမှာ စစ်တပ်နဲ့ပတ်သက်ဆက်နွှယ်သူ ၆ ဦးကို PDF ဖမ်းဆီး

လောင်းလုံး၊ မေ ၁၇ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဒေသခံ ၅ ဦးနဲ့ ပျူစောထီးတစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာရှိ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဒေသခံ ၆ ဦးကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက…

ကျိုက်ထိုတိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ နီးပါး ထပ်မံထွက်ပြေးနေရ

ကျိုက်ထို၊ မေ ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ နီးပါး ထပ်မံထွက်ပြေးနေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မေ ၁၁ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စုထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင်…

မော်ကွီးလု (မယ်လ) တပ်စခန်းကို KNU ပြန်လည်သိမ်းပိုက်

လှိုင်းဘွဲ၊ မေ ၁၆ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို KNU ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ အမှတ် ၂၄ ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲထားတဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့…