May 29, 2025

စစ်အာဏာသိမ်း (၁၅၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၆၄) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၃၀ AAPP ရဲ့ မေ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၉) ရက်အတွင်း ပြည်သူ (၆၇၆၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၀၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တရားမဝင်လှေ၊ သင်္ဘောမှန်သမျှ အ‌ရေးယူမယ်လို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်ကြုံးဝါး

မော်လမြိုင် ၊ မေ ၃၀ မွန်ပြည်နယ်ရဲ့ ကမ်းရိုးတန်းပင်လယ်ပြင်အတွင်းက တရားမဝင်ငါးဖမ်းသင်္ဘောအပါအဝင် တရားမဝင် ခဲ၊ သတ္တုနဲ့ သစ်တင် သင်္ဘောတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ စစ်ကောင်စီခန့် မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကြုံးဝါးလိုက်ပါတယ်။ မေ ၂၈ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံးမှာပြုလုပ်တဲ့ မွန်ပြည်နယ် ပင်လယ်ကမ်း ရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီရဲ့ ဆဋ္ဌမအကြိမ်…

ထိုင်း-မြန်မာနယ်စပ်က ကနဲလေစခန်းကို KNU ပြန်လည်သိမ်းပိုက်

မြဝတီ၊ မေ ၃၀ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်ရဲ့ ကနဲလေးစခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။ ဝေါ်လေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကစပြီး…

ထားဝယ်အထူးစီးပွားရေးဇုန်အနီး တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ

ရေဖြူ၊ မေ ၃၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန် ရေးအင်အားစုတွေထံကနေ သိရပါတယ်။ မေ ၂၉ ရက်နေ့ မနက်ပိုင်းကစလို့ ထားဝယ်အထူးစီးပွားရေးဇုန်အနီး ဧကနိကျေးရွာအနောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့…

မွန်ပြည်နယ်ရဲ့ မြို့နယ်နှစ်ခုမှာ စစ်ကောင်စီ တပ်အင်အားတိုးချဲ့လာ

သထုံ၊ မေ ၃၀ မွန်ပြည်နယ်ရဲ့ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ရှိ တပ်စခန်းတွေဆီ စစ်ကောင်စီဘက်က တပ်အင် အားတိုးချဲ့လာတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အခုမေလအတွင်း သထုံမြို့နယ် ပိန္နဲတောတပ်စခန်းနဲ့ ဘီးလင်းမြို့နယ် ဝင်းတာပန်၊ နတ်ကြီးတပ်စခန်းတွေထံ တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားတာ ဖြစ်ပါတယ်။ အဲဒီစခန်းတွေထံ အနည်းဆုံး…

တရုတ် ကျောင်းသားတွေအတွက် ဗီဇာ အမေရိကန်အစိုးရ ပယ်ဖျက်မယ်

ဝါရှင်တန်၊ မေ ၂၉ အမေရိကန်မှာ ပညာသင်ယူနေတဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို အပြင်းအထန် ပယ်ဖျက်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက ပြောကြားလိုက်ပါတယ်။ ဗီဇာ ရုတ်သိမ်းမှုအတွင်း အရေးကြီးတဲ့ နယ်ပယ်တွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတွေအပြင် တရုတ် ကွန်မြူတစ်ပါတီနဲ့ ဆက်နွယ်နေသူတွေ ပါဝင်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။…

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ အဆင့်အမြင့်ဆုံး ဗုံးကြဲ လေယာဉ် နှစ်စီး ရောက်ရှိနေ

ဟောင်ကောင်၊ မေ ၂၉ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ ပါရာဆယ်ကျွန်းမှာ တရုတ်က သူတို့ရဲ့ အဆင့်အမြင့်ဆုံး ဗုံးကြဲ လေယာဉ်တွေထဲက နှစ်စီးကို အခုအတွင်း ချထားလိုက်ကြောင်း ဂြိုဟ်တု ပုံရိပ်တွေက ဖော်ပြနေပါတယ်။ ဒါဟာ တရုတ်က သူတို့ရဲ့ ကြီးထွားလာနေတဲ့ စစ်ရေး စွမ်းပကားတွေကို ပြိုင်ဖက်တွေသိအောင် နောက်ဆုံး အချက်ပြမှု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒါက…

တော်လှန်ရေးပန်းတိုင်တွေကို တာဝန်ခံနိုင်တဲ့ ဘယ်အဖွဲ့နဲ့မဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိတယ်လို့ NUG ပြော

မော်လမြိုင် ၊ မေ ၂၉ မြန်မာတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးဖြေရှင်းမှုရရှိဖို့ ကြိုးပမ်းရာမှာ ပန်းတိုင်တွေ ဖော်ဆောင်နိုင်ရေးအတွက် တာဝန်ယူမှု တာဝန်ခံနိုင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ယုံကြည်မှု တည်ဆောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အသင့်ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ သီးသန့်သဘောထား ကြေညာချက် ထုတ်ပြန်ခြင်းအပေါ်…

ရွှေတြိဂံဒေသမှာ စိတ်ကြွမူးယစ်ဆေး ထုတ်လုပ်မှုနဲ့ မှောင်ခိုရောင်းဝယ်မှု စံချိန်တင်မြင့်တက်လာကြောင်း ကုလပြော

မော်လမြိုင် မေ ၂၉ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးနဲ့ တခြားအန္တရာယ်ရှိတဲ့ မူးယစ်ဆေးတွေ စံချိန်တင် ဖမ်း ဆီးရမိမှုပမာဏကို ကြည့်မယ်ဆိုရင် ရွှေတြိဂံဒေသမှာ တရားမဝင် မူးယစ်ကုန်သွယ်မှုတွေ အရှိန် အဟုန်နဲ့ တိုးမြင့်လာတာကို ပြသနေတယ်လို့ မေ ၂၈ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ အထူးသဖြင့် ရှမ်းပြည်နယ် ရွှေတြိဂံဒေသကနေ…

ကျောက်ကြီးမှာ စစ်ကောင်စီတပ်သားသုံးဦး PDF ထံ အလင်းဝင်

ကျောက်ကြီး၊ မေ ၂၉ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသုံးဦး ထွက် ပြေးလွတ်မြောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှာ အလင်းဝင်လာခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းက မေ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့မှာ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၅၉၉ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီ တပ်သားသုံးဦး ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ…