စိန့်လောရင့်စ် ဒူမာရိုနီ၊ မေ ၂၀
မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ အစွန်းရောက် အစ္စလာမ်မစ်တွေကို ဖမ်းဆီးထာဖို့ ပြင်သစ် ဂူယာနာ ဒေသမှာ လုံခြုံရေး အဆင့်မြင့် အကျဉ်းထောင် အသစ် တစ်ခု တည်ဆောက်မှာ ဖြစ်ကြောင်း ပြင်သစ် တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အဲဒီ အကျဉ်းထောင် အသစ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ကွင်းဆက်အတွင်း ပါဝင်တဲ့ ရာဇဝတ်သား အားလုံးကို ဖမ်းဆီးထားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဒါမင်နင်က Le Journal du Dimanche (JDD) သတင်းစာကို ပြောကြားထားပါတယ်။
အကျဉ်းထောင် အသစ်မှာ အန္တရာယ် အရှိဆုံး အကျဉ်းသားတွေကို ထားရှိမှာ ဖြစ်ပြီး စုစုပေါင်း အကျဉ်းသား ၅၀၀ အထိ လက်ခံနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအကျဉ်းထောင်အတွက် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း တင်းတင်းကြပ်ကြပ် အုပ်ချုပ်မယ့် သူတွေကို ရွေးချယ် ခန့်အပ်သွားမှာ ဖြစ်တယ်လို့ ပြင်သစ် တရားရေးဝန်ကြီးက ပြောပါတယ်။
ပြင်သစ်ပိုင် ဂူယာနာ ဒေသဟာ တောင်အမေရိကရဲ့ အရှေ့မြောက် ကမ်းရိုးတန်းပေါ်မှာ တည်ရှိပြီး ဒေသခံတွေအနေနဲ့ ပြင်သစ် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့် ရရှိထားတာ ဖြစ်ပါတယ်။
လက်ရှိ ပြင်သစ် အကျဉ်းထောင်တွေမှာ ထောင်ထဲကို လက်ကိုင်ဖုန်း ခိုးသွင်းမှုတွေ ရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေက အသုံးချနေတာ ကြာပြီ ဖြစ်ကြောင်း သိရပါတယ်။
ပြင်သစ်မှာ အကျဉ်းချခံထားရတဲ့ ရာဇဝတ်သားတွေက ထောင်ထဲကနေ ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ သိရပါတယ်။
Ref:BBC